စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ ဧပြီ - ၂၈
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှု ထမ်း ဟောင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် က တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီ ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ပေးအပ်သည်။ ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့် မိသားစု များအား နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေး သည်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အနီးရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေထိုင်လျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံ ဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။