စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ဇွန် - ၂၃
    
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် ပန်းတနော်မြို့နယ်  များရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ဆီ၊ဆား၊ ပဲ အမယ်(၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် အိမ်မဲမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။