စပါးအသင်းကို ရှုံးပွဲကြုံခဲ့လျှင် ဝက်စ်ဘရွန်းအသင်း နည်းပြဘီလစ် ရာထူးမှ ထုတ်ပယ်ခံရဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်

ဝက်စ်ဘရွန်းအသင်းသည်  ရလဒ်များ ဆက်တိုက်ဆိုးရွားနေခြင်းကြောင့် နိုဝင်ဘာ ၈ ရက် ည စပါးနှင့်ပွဲစဉ်တွင် ရလဒ်ဆိုးရွားပါက ခရိုအေး ရှားနိုင်ငံသား  နည်းပြဘီလစ်   ရာထူးမှထုတ် ပယ်ခံရဖွယ်ရှိကြောင်း  သတင်းများ ထွက်ပေါ် လျက်ရှိသည်။

ဘီလစ်သည် ဝက်စ်ဘရွန်းအသင်းကို  ၁၆ လ ကြာနည်းပြခဲ့ပြီး ပရီးမီးယားလိဂ်သို့ တန်းတက် နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း   ပြီးခဲ့ သည့်ပွဲစဉ်တွင်  ဖူလ်ဟမ်ကို   နှစ်ဂိုးပြတ်ရှုံးခဲ့ပြီး တန်းဆင်းဇုန်ထဲ ရောက်သွားသဖြင့်   ဖိအားများစွာ ရှိနေပြီဟု  ဘီလစ်ကပြောသည်။

ဘီလစ်က  ''ဘောလုံးလောကမှာ ကျင်လည် ခဲ့တာလည်း နှစ်တွေကြာခဲ့ပါပြီ။  ဒီအလုပ်က အမြဲတမ်း ဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့အလုပ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်း ခြေစွမ်းပိုင်းပိုကောင်း လာမှာပါ။  လက်ရှိ အသင်းက အမှတ်ပေးဇယား အောက်ဆုံးမှာလား ဆိုတော့ မဟုတ်ဘူး။ တန်းဆင်း ဇုန်ထဲကလွတ်ဖို့  တစ်မှတ်လို အနေအထားပါ။ ဒီရပ်တည်မှုအတွက် ပျော်သလားဆိုရင်တော့ လည်း မပျော်ပါဘူး။ ယုံကြည်မှုပျောက်ဆုံးနေ တယ်ဆိုတာလည်းမဟုတ်ဘူး။ ဆက်လက်ကြိုးစားဖို့  အခွင့်အရေးတွေ ရှိနေပါတယ်''  ဟု   ပြောသည်။

ဘီလစ်သည်  အသင်း၏ ကစားသမားအပြောင်း အရွှေ့ပြုလုပ်မှုများကို    မကျေမနပ်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြနိုင်ခဲ့သည့် ကွင်းလယ် ကစားသမား ကရိုဗီနိုဗစ်ကို အငှားဆက်မခေါ် နိုင်ခဲ့ခြင်းအတွက်  အသင်း တာဝန်ရှိသူများကို ဝေဖန်ခဲ့သူလည်း ဖြစ်သည်။