စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ အရည်အသွေးထက်မြတ်ကောင်းမွန်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရမည်ဖြစ်

စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ အရည်အသွေးထက်မြတ်ကောင်းမွန်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရမည်ဖြစ်

နေပြည်တော်၊ ဒီဇင်ဘာ ၉

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ် များတွင် အရည်အချင်းများနှင့်ကိုက်ညီပြည့်စုံမှုရှိသောကြောင့် နည်းပြတာဝန်များကိုရရှိ ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတို့တတ်မြောက်ထားသည့်၊ သင်ကြားထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများနှင့် ပေါင်းစပ်ချိန်ထိုး၍ စနစ်တကျသင်ကြားလေ့ကျင့်ပေးရန်၊ သင်ခန်းစာများကို အမှန်တစ်ကယ်တတ်မြောက်ပြီး လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှုကောင်းမွန်စွာပေးနိုင်ရန်၊ စိတ်ဓာတ်ခိုင်မာ ကောင်းမွန်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူကအားကိုး ရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြ .အရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်နှင့် တပ်မတော်လေ့ကျင့် ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် တို့က ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ် အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ အရာရှိများလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့မှု၊ စာပေသင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိတာဝန် ထမ်းဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်တို့၏ လေ့ကျင့်ရေးပိုင်းနှင့် သင်ကြားရေးပိုင်းဆိုင်ရာများတွင် မှာကြားလို သည်များ မှာကြားနိုင်ရေးအတွက် ယခုကဲ့သို့တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ သင်တန်းသား များ၊ ကျောင်းဆင်းအရာရှိများ အနေဖြင့် မိမိတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်ဖြစ်မြောက်လာစေရေးအတွက် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ် မည်ဖြစ်သကဲ့သို့ ပေးအပ်လာသည့်တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်ရမည် ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့်လည်း အရည်အချင်းပြည့်ဝပြီး အရည်အသွေး ထက်မြတ်ကောင်းမွန်သည့် အရာရှိများ ထွက်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်ကြောင်း။
ရည်မှန်းချက်များကို ခိုင်မာစွာ ထားရှိရမည်ဖြစ်ပြီး တစ်ဆင့်မြင့်ရာထူးတာဝန်များ ကို ထမ်းဆောင်ရမည့်အချိန်တွင် လုပ်ဆောင်နိုင်မည့်အရာများ၊ လုပ်ဆောင်သင့်သည် များကို မှတ်စုရေးမှတ်ထားရှိတတ်သည့် အလေ့အကျင့်ကောင်းမွေးမြူရန်နှင့် အမှန် တကယ်တာဝန် ထမ်းဆောင်ရသည့်အချိန်တွင် မိမိမှတ်သားထားသည်များနှင့် ချိန်ထိုး သုံးသပ် လုပ်ဆောင်ပါက အခက်အခဲမရှိတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ အရာရှိများမွေးထုတ်ပေးနိုင်ခဲ့မှု၊ စာပေသင်ကြားပေးနိုင်ခဲ့မှုနှင့် လက်ရှိတာဝန်ထမ်းဆောင်နေမှု အခြေအနေများကို ပြန်လည်စိစစ်ခဲ့ရာ၌ အချို့သော အရာရှိများအနေဖြင့် မိမိကိုယ်ကို ထိန်းသိမ်းမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်မှု၊ အဆင့်နှင့် လျော်ညီသော စားသောက်နေထိုင်မှုပုံစံမရှိမှု၊ ကျန်းမာရေးချို့ယွင်းမှု စသည် တို့ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်နိုင်မှု မပြုနိုင်သည်ကို တွေ့ရှိရကြောင်း၊ ချုံငုံသုံးသပ်ကြည့် မည်ဆိုပါက စိတ်ဓာတ်ခိုင်မာမှု အားနည်းချက်များကို တွေ့မြင်ရပြီး စိတ်ဓာတ်ခိုင်မာမှု မရှိခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်း နိုင်မှုမရှိခြင်းတို့ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်မှု မပြုနိုင်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် များစွာထိခိုက်နစ်နာမှုများရှိ ကြောင်း၊ အနာဂတ်တွင် ထူးချွန်ထက်မြတ်ပြီး ပြည်သူကအားကိုးပြီး နိုင်ငံတော်က အားထားရသည့် ခေါင်းဆောင်များထွက်ပေါ်လာစေရေးအတွက် သင်တန်းစတင် တက်ရောက်ချိန်မှစ၍ အဆင့်လိုက် တက်ရောက်ရသည့် သင်တန်းများကို အဆင့်ဆင့် သင်ကြားပေးခဲ့ရပြီး နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့် ငွေကြေးအရင်းအနှီးများစွာ ဖြင့် ပြုစုပျိုးထောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် စိတ်ဓာတ်ခိုင်မာမှုရှိရမည်ဖြစ်ပြီး မိမိရည်မှန်းချက်အောင်မြင်ရန်အတွက် မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် စည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်ရန်လည်းလို ကြောင်း။
ထိုသို့ စိတ်ဓာတ်ခိုင်မာပြီး မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်ရန်အတွက် သင်တန်းကျောင်းများတွင်ကတည်းက နည်းပြများအနေဖြင့် လေ့ကျင့်သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ သင်ခန်းစာများပိုင်နိုင်ပြီး ရှိသင့်ရှိထိုက်သည့် သိသင့်သိထိုက် သည့် အသိပညာ၊ အတတ်ပညာနှင့် ထိုးထွင်းမျှော်မြင်နိုင်မှုရှိအောင် သင်ကြားပေးလိုက်မှ သာလျင် လက်တွေ့မြေပြင်တွင်ခေါင်းဆောင်မှု ကောင်းမွန်စွာပေးနိုင်မည်ဖြစ်ပြီး ဘဝ တစ်လျှောက်လုံးတွွင်လည်း ထိန်းသိမ်း၍ ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် နည်းပြများအနေဖြင့် လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ကြရန်၊ သင်တန်းသားများကို အလိုမလိုက်ရန်လိုအပ်သကဲ့သို့ မိမိ ကိုယ်ကိုလည်း အလိုမလိုက်ရန်လိုကြောင်း၊ အရည်အချင်းများနှင့် ပြည့်စုံသဖြင့် နည်းပြ များဖြစ်နေကြခြင်းဖြစ်သည့်အတွက် မိမိတတ်မြောက်ထားသည့်၊ သင်ကြားထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းလာသည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ စနစ် တကျ သင်ကြားပေးစေလိုပြီး အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည် ဖြစ် ကြောင်း။
သင်တန်းသားများ၏ အရည်အသွေးမြှင့်တင်နိုင်ရေး အမြဲမပြတ် လေ့လာဖော်ထုတ် နေရမည်ဖြစ်ပြီး သင်တန်းဆင်းလာပါက ၎င်းတို့၏ အရည်အချင်းနှင့် ကိုက်ညီသည့် လူမှန် နေရာမှန် တာဝန်ပေးအပ်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အရေအတွက်ထက် အရည် အချင်းကို ဦးစားပေးဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုး အားထားရသည့် အရာရှိကောင်းများကို မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အရည်အသွေးပြည့်ဝသော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်စွမ်းရည် ထက်မြက် ရေး၊ စွမ်းပကားမြင့်မားရေးကို အလေးထား ဆောင်ရွက်ပေးခဲ့ပြီး အရာရှိ၊ စစ်သည်များ၏ ပညာရည်မြင့်မားရေး၊ မိသားစုများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့မှုရှိစေရေး ဘက် ပေါင်းစုံမှ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း၊ နိုင်ငံတကာ တပ်မတော်များနည်းတူ အမျိုးသမီး အရာရှိ၊ စစ်သည်များကိုလည်း ပြန်လည်လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး အမျိုးသားများ နည်းတူ တာဝန်ကျရာနေရာအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်ကို ဂုဏ်ယူဖွယ် တွေ့မြင်ရကြောင်း၊
တက္ကသိုလ်၊ သင်တန်းကျောင်းအသီးသီးမှ နည်းပြများအနေဖြင့် မိမိတို့လေ့ကျင့်သင် ကြားပေးသည့် ခေါင်းဆောင်ငယ်များအား တစ်ဦးချင်း၏ အခြေခံစိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ချက်၊ စစ်မြေပြင်ကျွမ်းကျင်မှုနှင့် ဘာသာရပ်အလိုက် တတ်မြောက်မှု စသည်ဖြင့် လေ့ကျင့်သားပြည့်ဝမှုရှိစေရေး သင်ကြားလေ့ကျင့်ပေးရန်၊ သင်တန်းဆင်းပြီးပါက ဘဝ တစ်လျှောက်လုံးတွင် မိမိတို့ ရာထူး၊အဆင့်နှင့် လျော်ညီစွာ နေထိုင်ပြုမှု ဆောင်ရွက်နိုင်စေ ရန်၊ အနာဂတ် နိုင်ငံတော်နှင့်တပ်မတော်အတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာ စေရန် လေ့ကျင့်သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။