လစ္စဘွန်း၊ ဘောလုံး
နယ်သာလန်အသင်းကွင်းလယ်ဒိုင်လူကြီး မက် ကီလီသည် မတ် ၂၈ ရက်က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့သော ပေါ်တူဂီအသင်းနှင့် ဆားဘီးယားအသင်းတို့ နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည့် ပွဲစဉ်တွင် စီရော်နယ်ဒို၏ သွင်းဂိုးကို ခွင့်မပြုပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ပေါ်တူဂီအသင်း နည်းပြ ဆန်းတို့စ်နှင့် တိုက်စစ်မှူး စီရော်နယ်ဒိုတို့ကို ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပို ၄ မိနစ်တွင် စီရော်နယ်ဒို၏ သွင်းဂိုးကို ဆားဘီးယား အသင်းခံစစ်ကစားသမားက ဂိုးအတွင်းမှဖျက်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးမှာ ဂိုးဝင်ခဲ့သော်လည်း ကွင်းလယ် ဒိုင်လူကြီး မက်ကီလီက ဂိုးအဖြစ်ခွင့်ပြုပေးခဲ့ခြင်းမရှိဘဲ ငြင်းဆန်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
စီရော်နယ်ဒိုသည် ၎င်း၏သွင်းဂိုး ဂိုးဝင်ခဲ့သောကြောင့် အောင်ပွဲခံခဲ့သော်လည်း ကွင်းလယ်ဒိုင် မက်ကီလီက ဂိုးအဖြစ်မသတ်မှတ်ပေးသည့်အတွက် စောဒကတက်ခဲ့ရာ အဝါကတ်ပင်ပြသခြင်း ခံခဲ့ရသည်။
ဒိုင်လူကြီးမက်ကီလီက “ကျွန်တော် နည်းပြဆန်းတို့စ်နဲ့ စီရော်နယ်ဒိုတို့ကို ပြန်လည်တောင်းပန်ပါတယ်။ ကျွန်တော်တို့လို ဒိုင်လူကြီးတွေက မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော် အဲဒီပွဲစဉ်ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကြည့်ရှုပြီးတော့ ပေါ်တူဂီအသင်းအတွက် စိတ်မကောင်းပါဘူး။ နောက်ပွဲစဉ်တွေမှာ ကျွန်တော် အဲဒီလိုမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ မချမိဖို့ ကြိုးစားပါမယ်” ဟု ပြောသည်။
Ref;Give me Sports