ဆက်ဆူအိုလိုအသင်းမှ လိုကာတယ်လီကို ဂျူဗင်တပ်စ်အသင်း ယူရို ၃၅ သန်းဖြင့် ခေါ်ယူရန်သဘောတူညီမှုရရှိ

ပဲရစ်၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်း ပစ်မှတ်ထားခေါ်ယူရန်ကြိုးပမ်း နေသည့် ဆက်ဆူအိုလိုအသင်း ကွင်းလယ်ကစားသမား လိုကာတယ်လီကို  ပြောင်းရွှေ့ကြေး ယူရို  ၃၅ သန်းဖြင့်ခေါ်ယူရန်  သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

အသက်  ၂၃  နှစ်အရွယ်  လိုကာတယ်လီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဆက်ဆူအိုလိုအသင်းနှင့် ခြေစွမ်းပြကစားနိုင်ခဲ့သကဲ့သို့ ပြီးခဲ့သည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း  အီတလီအသင်းနှင့်အတူ  အဓိက ကွင်းလယ်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ သည့်အတွက် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားလာခြင်းဖြစ်သည်။

အစောပိုင်းက  လိုကာတယ်လီကို  အာဆင်နယ် အသင်းက  ပြောင်းရွှေ့ကြေး ယူရို သန်း   ၄၀ အထိပေးပြီး တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း  လိုကာတယ်လီကိုယ်တိုင်က  ပြည်တွင်းလိဂ်တွင်သာ ကစားလိုသည့်အတွက် အာဆင်နယ်အသင်း၏  ကမ်းလှမ်းမှုများကိုငြင်းဆန်ခဲ့ပြီး   ဂျူဗင်တပ်စ်အသင်းသို့သာ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် လိုကာတယ်လီ၏ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး တရားဝင်မထုတ်ပြန် သေးသော်လည်း လာမည့် ရက်ပိုင်းအတွင်း ပြောင်းရွှေ့ ကြေး ယူရို ၃၅ သန်းဖြင့် ၂၀၂၆ ခုနှစ်အထိ ကာလ ရှည်စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။       

Ref;Dello Sports