ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ဖိုစွတ်ဒေသရှိ မဟာဗောဓိကုန်းသာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်လျက်ရှိသော ဘောဘောကြီး(ခ)ဓမ္မေခစေတီတော် တည်ထား ပြီးစီးမှုအား သွားရောက်ကြည့်ရှု

 

နေပြည်တော်၊ မေ - ၅

 မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ဖိုစွတ်ဒေသရှိ မဟာဗောဓိကုန်း သာသနာ့နယ်မြေတွင် တည်ထားကိုးကွယ်လျက်ရှိသော ဘောဘောကြီး(ခ)ဓမ္မေခစေတီ တော်တည်ထားပြီးစီးမှုအား ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်  အဆိုပါ စေတီတော်ကြီး တည်ထားကိုးကွယ် သည့် သာသနာပြုလုပ်ငန်းများကို ဦးစီးဆောင်ရွက်နေသော နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဒုတိယမဟာနာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဌာဘိဝံသ အား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ဆရာတော်ကြီးက ဘောဘောကြီးစေတီတော်အတွင်းသို့ လှည့်လည်ပြသပြီး ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းမိန့်ကြားရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ရိုသေစွာ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင် များက ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ အာဟာရပြည့်ဓာတ်စာများနှင့် နေ့ဆွမ်း တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။