လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ ထွက်ခွာမည့် ဆန်ချိုကို ခေါ်ယူလိုသည့်အသင်း များတွင် ဒေါ့မွန်အသင်း၏ ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ် အသင်းလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပြည်တွင်းပြိုင်ဘက် အသင်းများထံမှ ကစားသမားများကို အသင်းထံခေါ်ယူလေ့ရှိသည့် အသင်း တစ်သင်းဖြစ်ပြီး ဒေါ့မွန်အသင်းမှ လီဝန်ဒေါစကီး၊ ဟမ်မဲ၊ ဂေါ့ဇီ တို့အား ခေါ်ယူခဲ့ဖူးကာ ယခုအခါ ဆန်ချိုကိုခေါ်ယူရန် ပြင်ဆင်လာခြင်းဖြစ်သည်။
အစောပိုင်းက ဆန်ချိုကို ပရီးမီးယားလိဂ်မှ မန်ယူ၊ ချယ်လ်ဆီး နှင့် လီဗာပူးအသင်းတို့ ခေါ်ယူရန်ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း ယခုအခါ ဘိုင်ယန်မြူးနစ် အသင်းကပါ အဆိုပါအသင်း များနှင့်အပြိုင် ကမ်းလှမ်းဖွယ်ရှိနေခြင်းဖြစ်သည်။
ဒေါ့မွန်အသင်းက ဘဏ္ဍာရေး ကျဆင်းမှုများကြောင့် ဟာလန်းကို ဆက်လက် ထိန်းသိမ်းလိုသည့်အတွက် ဆန်ချိုကို မဖြစ်မနေ ရောင်းချသွားဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၈ဝ အထိ လျှော့ချသတ်မှတ်ပေးထားသည်။ ဆန်ချိုသည် ယခုဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ပြီးခဲ့သည့် ဘောလုံးရာသီက ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ဘဲ ဂျာမန်ဘွန် ဒက်စ်လီဂါပွဲစဉ် ၂၄ ပွဲကစားခဲ့ရာ ရှစ်ဂိုးသာ သွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ကိုးကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။