ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ
နေပြည်တော်၊ စက်တင်ဘာ - ၄
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံ ထုတ် အသား၊ ငါးဗူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ သည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းဆတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျုံပျော်မြို့၊ ဟင်္သာတမြို့၊ မြန်အောင်မြို့၊ မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများ၊ သက်ဆိုင်ရာမြို့နယ်များမှ ဆန်လုပ်ငန်းရှင်များ အသင်းများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူတို့က ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်၊ ရွှေဖီဦးလက်ဘက်ရည်ထုပ် နှင့် စည်သွပ်ဘူးများစသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။