ဆူပူဆန္ဒပြသူများ ပြုလုပ်ထားသည့် အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းရှင်းလင်း

နေပြည်တော်၊ ဧပြီ - ၂၀

တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ဆူပူအကြမ်းဖက်ဆန္ဒပြသူများက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ရပ်ကွက်(၁၆)ရှိ စံပြဈေးလမ်းပေါ်တွင် သဲအိတ်များ၊ ကွန်ကရစ်တုံးများ၊ အတားအဆီးများ၊ သစ်ချောင်းများဖြင့် ပိတ်ဆို့ ထားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အတားအဆီးများအား ရှင်းလင်းခြင်းများ ဆောင်ရွက်ကြသည်။
    
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများကလည်း ၎င်းတို့၏သဘော ဆန္ဒအလျောက်လာရောက်ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။