ဆူပူဆန္ဒပြသူ လူအုပ်စုအတွင်း ဗုံးပစ်လက်နက်ကိုင်ဆောင်ထားသူအုပ်စုများ ပါဝင်လာမှုအားတွေ့ရှိ 

 

ဆူပူဆန္ဒပြသူ လူအုပ်စုအတွင်း ဗုံးပစ်လက်နက်ကိုင်ဆောင်ထားသူအုပ်စုများ ပါဝင်လာမှုအားတွေ့ရှိ 

နေပြည်တော်၊ မတ်လ ၄ ရက် 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဖျာပုံလမ်းထောင့်တွင် မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ဆူပူအကြမ်းဖက် ဆန္ဒပြသူအုပ်စုအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့ရမှုအခြေအနေအား သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 

ဖြစ်စဉ်ဖြစ်ပွားခဲ့မှုအခြေအနေအား နီးစပ်ရာ CCTV ကင်မရာများမှတစ်ဆင့် ခြေရာခံ ပြန်လည် စိစစ်ကြည့်ရှုရာတွင် အထက်ပါဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ မီးခိုးဗုံး ပစ်လက်နက်ဟု ယူဆရသည့် လက်နက်(၂)လက်အား အသုံးပြုပစ်ခတ်နေသည်ကို တွေ့ရှိခဲ့ရ ပါသည်။ သေနတ်အမျိုးအစားအနေဖြင့် ပုံသဏ္ဍာန်နှစ်မျိုးကွဲပြားနေပြီး ပစ်ခတ်ရာတွင် လူ (၆)ယောက်မှ အုပ်စုဖွဲ့အသုံးပြုပစ်ခတ်နေသည်ကို CCTV ကင်မရာမှတ်တမ်းအရ ပီပြင်ထင် ရှားစွာတွေ့မြင်ရပါသည်။ 

အထက်ပါဖြစ်စဉ်အပေါ် သုံးသပ်ချက်အရ ဆူပူဆန္ဒပြသူ လူစုလူဝေးများအနေဖြင့် သာမန်ဆန္ဒပြသည့်အဆင့်တွင်မရှိတော့ဘဲ ပေါက်ကွဲစေတတ်သော လက်နက်များ စွဲကိုင်ကာ တန်ပြန်အကြမ်းဖက်မှု ဆောင်ရွက်လာသည့်အခြေအနေသို့ ရောက်ရှိလာသည်ကိုတွေ့ရှိရပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြုလုပ်မှုကြောင့်ဖြစ်ရသည် ဟူ၍ ပုံဖော်ဆောင်ရွက်လာနေသည်ကို တွေ့မြင်သုံးသပ်ရရှိကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။