နေပြည်တော်၊ မတ် - ၂၉
ဆူပူအကြမ်းဖက် သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့်ပစ္စည်းများ သိုဝှက် ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ ကချင်ကုန်းရှိ ဒေါ်ကျန်းလောင်(ဘ)ဦးခေါ်ကျန်းအား နေအိမ်ခြံဝန်းအတွင်း၌ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ညောင်ဖြူစခန်းရပ်ကွက်၊ မြင့်မိုရ်လမ်း၌ ဆူပူအကြမ်းဖက်သူ ၁၅၀ ဦးခန့်က အတားအဆီးများပြုလုပ်ပြီး လက်လုပ်ဗုံးများ၊ လေးခွများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ ဒဏ်ရာရသူ ၅ ဦးအပါအဝင် မျိုးသား ၁၅ ဦးကို လက်လုပ်မိုင်း ၁၁ လုံး၊ လျော့တိုက်ဗုံး ၁ လုံး၊ မီးစာတပ်ဓာတ်ဆီပုလင်း ၅၅ လုံး၊ အခြားဆက်စပ်ပစ္စည်းများ ဖြင့်လည်းကောင်း၊ ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာ၊ သုံးအိမ်စုပိုင်းရှိ ဦးသောင်းဉာဏ်နေအိမ်၌ ၎င်းနှင့်အတူ စောနိုင်(ဘ)ဦးကျော်ဒွေး၊ စောချစ်ပိုင်(ဘ)ဦးစိန်မင်းတင် တို့အား ဂျင်ကလိ ၇၀ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းမီးပွိုင့်အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများဖယ်ရှားရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သူ ၁၅၀ ဦးခန့်က လေးခွ၊ ဂျင်ကလိ၊ ခဲ၊ ဓာတ်ဆီပုလင်း၊ တူမီးသေနတ်တို့ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ မျိုးသား ၅ ဦးအား လက်လုပ်မိုင်း ၁ လုံး၊ ဂျင်ကလိ ၁ ချောင်းတို့ဖြင့်လည်းကောင်း၊ တာဟန်းရပ်ကွက်၊ ဒိုင်းဝိုင်းချောင်းလမ်းဆုံ၌ ဆူပူအကြမ်းဖက်သူ ၂၀၀ ဦးခန့်က တာယာကွင်းများမီးရှို့အတားအဆီးပြုလုပ်ပြီး တူမီးသေနတ်၊ လက်လုပ်သေနတ်၊ တုတ်၊ ဂျင်ကလိ၊ ခဲများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက် လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ အဆိုပါနေရာ၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်မိုင်း ၁၄ လုံး၊ ယမ်းတောင့် ၁၉ တောင့်နှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ရေကြည်မြို့၊ က္ကူလေးကျေးရွာအုပ်စု၊ ကုလားကုန်းကျေးရွာနေ ကျော်ကျော်(ဘ) ဦးအောင်သိန်း အား ၎င်းနေအိမ်၌ လက်လုပ်သေနတ် ၂ လက်၊ ဒူးလေး ၁ လက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်း ရမိခဲ့သည်။
အလားတူ ယနေ့တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ချယ်ရီလမ်း၌ ဆူပူအကြမ်း ဖက်သူ ၂၀ ဦးခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲရန် အကြိမ်ကြိမ်သတိပေးခဲ့ရာ လူစုခွဲခြင်းမရှိသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ လူစုကွဲသွားပြီး ၎င်းတို့အနက်မှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား လက်လုပ်မိုင်း ၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ပြင်ဦးလွင်မြို့အဝင် မန္တလေး- လားရှိုးလမ်းနှင့် ပြင်ဦးလွင်မြို့ရှောင်လမ်းဆုံရာ Mobile X-Ray ရိုက်စက်နေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ ထွက်မှုများစစ်ဆေးစဉ် ဇင်မျိုးထွန်း(ဘ)ဦးစိန်ထွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်အမှတ်၊ MDY 8 D/ —---— ၊ Super Castom အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ဖုံးအတွင်းရှိ ပီနံအိတ် အတွင်းမှ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)၊ နွယ်နှင်းသုသာန်အနီး ရေထိန်းဂနိုင်တောအတွင်း၌ လက်လုပ်သေနတ်မျိုးစုံ ၄ လက်၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်၊ စိတ္တသုခ လမ်းနေ သိန်းဌေးဝင်း(ခ)သိန်းဌေးမြင့်(ဘ)ဦးမာဒင်အား မီးစာတပ်ထားသည့် ဓာတ်ဆီ ပုလင်း ၅ လုံး၊ လှံ ၁ ချောင်း၊ ခရင်းခွ ၁ ချောင်း၊ ဓား ၂ ချောင်း၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်းဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းရမိသူများကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
၁၀၀