ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၇

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၅ ရက် နေ့လယ်၂နာရီခွဲခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊လေးထောင့်ကန်ရပ်ကွက်၊ ရိပ်သာလမ်း၊ အမှတ်(၃၆) နေ ရဲမြတ်ထွဋ်၂၉နှစ်၊ (ဘ)ဦးမောင်သန်း၏နေအိမ်၌ ဒေသန္တရလက်လုပ်မိုင်းနှင့် အကြမ်း ဖက်ရာတွင် အသုံးပြုသောပစ္စည်းများပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်ရှာဖွေရာ ရဲမြတ်ထွဋ်နှင့်အတူ ကျော်နိုင်ထွဋ် ၂၂နှစ်၊ (ဘ) ဦးမောင်သန်း နှင့် ၎င်း၏ဖခင် ဦးမောင်သန်း၅၉နှစ်၊ (ဘ)ဦးဂျာကရာသန်း၊ နိုင်ထွန်းမြတ် ၂၂နှစ်၊ (ဘ)ဦးစံထွန်းအောင်၊ ဖြိုးပြည့်မောင် ၁၆နှစ်၊ (ဘ)ဦးစံထွန်းအောင်၊ ကောင်းဇင်သူ ၁၈နှစ်၊ (ဘ)ဦးပန်းမြိုင်၊ မင်းဆက်မော်၂၂နှစ်၊ (ဘ)ဦးဇင်ကိုဆက် တို့ ၇ ဦးကို YGN AA-8986 Caldina နီညိုရောင်ယာဉ်၁စီး၊ လက်လုပ်မိုင်းများ၊ ဂျင်ကလိများ၊ လေးခွများ၊ ဓားများ၊ စကေဘာများ၊ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ဧပြီ ၁၆ ရက်တွင် မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ(၁၂)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းထောင့်နှင့် အောင်သစ္စာလမ်းထောင့်ရှိ နေမင်းထွန်း ၏ နေအိမ်၌ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြသည့် ပစ္စည်းများအား လည်းကောင်းဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

အလားတူ ယနေ့တွင် မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာရှိ အောင်ကျော်ဝင်း အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်၊ သစ်သားဒူးလေး ၂ လက်၊ ဆက်စပ်ပစ္စည်း များနှင့် လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်(တောင်)ရပ်ကွက်၊ မကြီးကြီး လမ်း၌ ထက်ဝေယံ အား လက်လုပ်ဗုံး ၂ လုံး၊ မီးခိုးဗုံး ၉ လုံးတို့နှင့် လည်းကောင်း၊ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ဣစာသယလမ်း၊ အမှတ်(၅၂) (၅)လွှာရှိ နေအိမ်၌ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။
    
အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။