နေပြည်တော်၊ ဧပြီ - ၃
ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၂ ရက် တွင် ဟဲဟိုးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကုန်းစောင်းလမ်း၌ မသင်္ကာဖွယ်ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဇင်မိုးထွန်း (ခ)မိုးမိုး(ဘ) ဦးသက်ထွန်းနှင့် ကျော်စိုးဟန်(ဘ) ဦးကျော်ထင်တို့ ၂ ဦးအား WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇ ပြား၊ လက်လုပ် သေနတ် ၁ လက်၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အင်ကြင်းလမ်းရှိ မျိုးအောင်(ခ)ကုလား(ဘ) ဦးညွန့်ဝင်းအား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်း များဖြင့် လည်းကောင်း၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ရာကျော်လမ်းသွယ်၊ ဇဗ္ဗူပါလပရဟိတအသင်းရုံး၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ B – 2 လမ်း၊ အခန်း(၂၀၁)၌ ဦးရှိန်းထက် အပါအဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား ဂျင်ကလိ ၄၅၀ ချောင်း၊ ဓား ၄ ချောင်း၊ လက်လုပ်မိုင်း ၉ လုံး၊ မီးခိုးဗုံး ၄ လုံး၊ အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်ရှိ ကျော်စွာဝင်း(ခ)အလီ(ဘ)ဦးစလေမန်အား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့်လည်းကောင်း၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်၊ မေတ္တာ ကန်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ လက်လုပ်သေနတ် ၈ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ ဂျင်ကလိ ၃ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ ကန်ထက်ကျေးရွာရှိ သန်းဌေးဦး(ဘ)ဦးထွန်းခင်နှင့် ဒေါ်ချို(ဘ) ဦးတင်အောင်တို့ ၂ ဦးအား ၎င်းတို့နေအိမ်များ၌ လက်လုပ်သေနတ် ၂ လက်ဖြင့်လည်းကောင်း၊ ပဲခူးမြို့၊ ပဲခူးဘူတာနှင့် ဘုရားသုံးဆူဘူတာကြား၊ မီးရထားကြေးနန်း တိုင်အမှတ်(၄၈/၁၀)နှင့် (၄၈/၁၁)ကြား၊ တံတားအမှတ်(၆၂)နေရာ၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ ပဲခူးမြို့၊ ၀မ်းဘောဒက်တံတား မြို့အဝင် စစ်ဆေးရေးဂိတ်၌ ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးစဉ် ရန်ကုန်မှ ပဲခူးမြို့နယ် အတွင်းသို့ ယာဉ်မောင်း ဇော်လေး(ဘ)ဦးဂိုအေး မောင်းနှင်ပြီး အောင်ကို(ဘ)ဦးထွန်းခိုင် စီးနင်း လိုက်ပါလာသည့် ယာဉ်အမှတ်၊ AA- 7515၊ Nissan Lattio အမျိုးအစားမော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏နောက်ဖုံးအတွင်းမှ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။
အလားတူ ယနေ့တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ (၁)လမ်း၊ အိမ်အမှတ် (၁၉၀)၌ ပွင့်ဖူးစိန်(ဘ) ဦးစိန်သန်း၊ ထက်မြတ်ဇော်(ဘ)ဦးဇော်ဝင်း၊ မျိုးမင်းထွန်း(ဘ) ဦးထွန်းစိန်၊ နေလင်း(ဘ) ဦးသိန်းကြွယ်၊ အောင်ထက်ပိုင်(ဘ)ဦးအောင်မျိုးဝင်းတို့ ၅ ဦးအား လက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ မီးပွိုင့်အနီး၌ ဆူပူ အကြမ်းဖက်သူ ၇၀ ဦးခန့်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြိုခွဲရာ လေးခွ၊ အုတ်ခဲ၊ မီးပုလင်းများဖြင့် ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ၇ ဦးနှင့် အမျိုး သမီး ၃ ဦးတို့အား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်း ထောင့်နေရာ၌ ဆူပူအကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြိုခွဲရာ လူစုကွဲ သွားခဲ့ပြီး အဆိုပါနေရာမှ လက်လုပ်ဗုံး ၂၈ လုံး၊ အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ယာဉ်ဝင်/ ထွက်မှုများစစ်ဆေးစဉ်လှည်းကူးမြို့ဘက်မှ ထောက်ကြန့်မြို့ဘက်သို့ ယာဉ်မောင်း အောင်ဇော်ဝင်း(ခ)အောင်ဇော်(ဘ)ဦးမြသန်း မောင်းနှင်လာသည့် YGN 3H-8086 Probox အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်၏ နောက်ခန်း အတွင်းမှ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(C /က)ရပ်ကွက်၊ ဂဖူးကွေ့ဈေးအနီး၌ ဆူပူအကြမ်း ဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြိုခွဲရာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးတို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် လည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ လမ်းမတော်(၁၆)လမ်းဈေးထိပ်၌ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံး၊ အမှတ်(၄)ရပ်ကွက်၊ လမ်းမတော်လမ်း၊ အမှတ်(၈) လမ်းထိပ်၌ ဒေသန္တရလက်လုပ်မိုင်း ၁ လုံး၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံး၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၂၃)လမ်းထိပ်ရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့၌ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံးနှင့် အမှတ်(၇)ရပ်ကွက်၊ သဇင်လမ်း၊ တိုက်သစ်လမ်းထောင့်၌ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးတို့အားလည်းကောင်း၊ မြစ်သားမြို့နယ်၊ ရွာသစ်ကျေးရွာ အုပ်စု၊ ရောက်ဆောက်ကျေးရွာအနီးရှိ ဘုရားသုံးဆူစေတီ အဝင်ရေမြောင်းအတွင်းမှ လက်လုပ်ဗုံး ၂၀ လုံးအားလည်းကောင်း၊ မြင်းခြံမြို့၊ အမှတ် (၁၆)ရပ်ကွက်၊ လမ်းဆုံ အနီး၌ ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဂျင်ကလိ၊ လေးခွ များဖြင့် ရန်ပြုတိုက်ခိုက်လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့် ပစ်ခတ် ဖြိုခွဲခဲ့ပြီး ၎င်းတို့အနက်မှ မင်းသီဟ(ဘ)ဦးအောင်သန်းမြင့်အပါအဝင် အမျိုးသား ၂၆ ဦးအား ဂျင်ကလိ ၃ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ မနော်ဟရီလမ်း၌ ဆူပူအကြမ်းဖက်သူ ၅၀ ဦး ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွ၊ ကျောက်ခဲများဖြင့် ရန်ပြုတိုက်ခိုက် လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ၎င်းတို့ အနက် မှ ထက်နိုင်အောင်(ဘ)ဦးမြင့်အောင်အား လက်လုပ်ဗုံး ၁ လုံး၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။