ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ် ထားရှိသူများနှင့် ပြုလုပ်ပေးသူများအား ဖမ်းဆီးရမိ

ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ် ထားရှိသူများနှင့် ပြုလုပ်ပေးသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၃

ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိအချို့မြို့နယ်များတွင်ဆူပူအကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အသက်သေဆုံးသည်အထိရန်ပြုတိုက်ခိုက်လျက်ရှိပြီး ထို့သို့ အကြမ်းဖက်ရာ တွင်အသုံးပြုရန်လက်နက်များပြုလုပ်ခြင်း၊လက်ဝယ်တွင်ထားရှိခြင်းများပြုလုပ်လျက်ရှိခြင်း ကြောင့်  သက်ဆိုင်ရာနယ်မြေများလိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ သတင်း ဖော်ထုတ် ဖမ်းဆီးခြင်းများဆောင်ရွက်လျက်ရှိသည်။

 ထို့သို့ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ မင်္ဂလာတံတားအနီး၊ "ဦးမြင့်ထွန်း" စက်ပြင်အလုပ် ရုံ၌ ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက်ပစ္စည်းများ သိုဝှက်ထားကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အလုပ်သမားဖြစ်သူ ကော့သောင်းမြို့နယ်၊ ရွှေဟင်္သာရပ်ကွက်၊ ပတ်ကုလားတန်းလျားနေ ဇော်မျိုး(ခ)ကိုကိုငယ်(၃၅)နှစ် (ဘ) ဦးသိန်းမြင့်အား တွေ့ရှိရပြီး အလုပ်ရုံအတွင်းမှ ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့် မှိန်း ၁ ချောင်း၊ ပိုက်လုံးစွပ်တုတ်/ဓား ၁ ချောင်း၊ အလျား ၃ ပေခန့်ရှိ ဓား ၁ ချောင်း၊ အလျား ၁၁ လက်မခန့်ရှိ စကေဘာ ၁ ချောင်း၊ အလျား ၁၁ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်း၊ သံလက်သီး ၁ ခု၊ ဂျင်ကလိပစ်လေးခွ ၁ လက်၊ ခေါက်ဓား ၁ ချောင်းနှင့် ဓာတ်ငွေ့ကာမျက်နှာဖုံး ၁ ခု တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

အလားတူ မတ်လ ၂၃ ရက် နံနက် ၉ နာရီခန့်တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးလမ်းရှိ သန်းလွင်ဦး နေအိမ်တွင် သန်းလွင်ဦး(ခ)လွင်လွင် (၄၀)နှစ် (ဘ) ဦးစီကင်းစိန် အပါအဝင် တစ်ရပ်ကွက်တည်းနေ အောင်နိုင်စိုး (၂၀)နှစ် (ဘ) ဦးကျော်ရွှေ၊ ကောင်းကျော်ထက် (၁၅)နှစ် (ဘ) ဦးသန်းလွင်၊ အောင်မျိုးဦး (၁၈)နှစ် (ဘ) ဦးခင်မောင်ဦး၊ စစ်ဖြိုးပိုင် (၁၈)နှစ် (ဘ) ဦးဇော်နိုင်နှင့် မဂျူးမြတ်မြတ်မိုး (၂၁)နှစ်(ဘ) ဦးလှသိန်းတို့ (၆)ဦးအား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် မီးစာတပ်ထားသော ဓာတ်ဆီပုလင်း ၇၆ လုံး၊ ဓာတ်ဆီ၊ ဒီဇယ်၊ အင်ဂျင်ဝိုင်များထည့် ထားသောပုံး ၄ ပုံး၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး ၁၇ ခု၊ လေးခွ ၂၉ လက်၊ ဖန်ဂေါ်လီ ၁၀၉၄ လုံး၊ လက်လုပ်မီးခိုးဗုံး ၄၅ လုံး၊ ဘောလုံး ဗျောက်အိုး ၅၀ လုံး၊ နေကြာပန်းပုံ သံချောင်း ၃ ချောင်း၊ ဓာတ်မြေဩဇာ ၁၅ ထုပ်၊ Sodium Chlorice ၅ ပုံး၊ မြှားပြုလုပ်ရန် ဝါးချောင်း ၃၀၀ ချောင်း၊ ကျည်ကာအင်္ကျီ ၁ ထည်၊ မီးခြစ်ဆံဗူး ၂ ဗူး၊ မီးစာကြိုး ၃ ခွေ၊ ကော်ဦးထုပ် ရောင်စုံ ၆လုံးနှင့် အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးလမ်းရှိ အောင်ဝင်းထိုက်၏နေအိမ်တွင် အောင်ဝင်းထိုက် (၃၈)နှစ် (ဘ) ဦးအောင်ဇော်၊ နေလင်းဦး (၂၇)နှစ် (ဘ) ဦးဘရွှေနှင့် ရင်အောင် (၃၀)နှစ် (ဘ) ဦးဘိုဝတို့အား လက်လုပ်လေသေနတ် ၁ လက်၊ သံဒိုင်းကာ ၁၄ ချပ်၊ ဓား ၃ ချောင်း၊ ပုဆိန် ၁ လက်၊ ဂက်(စ်)ဘူး ၁ ဘူး၊ မီးစာတပ်ထားသော ဓာတ်ဆီပုလင်း ၅ လုံး၊ ဓာတ်ဆီပုံး ၁ ပုံး၊ ဓာတ်ငွေ့ကာမျက်နှာဖုံး ၂၁ ခု၊ ဦးထုပ် ၁၅ လုံး၊ မီးသတ်ဆေးဘူး ၃ ဘူးနှင့် အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အေးငြိမ်ရိပ်ရပ်ကွက်၊ ပေါ်ဦးလမ်းရှိ ကျော်ဝင်း (၆၅)နှစ် (ဘ) ဦးထွန်းရ၏ နေအိမ်တွင် ကျောဝင်း အား မီးစာ တပ်ထားသော ဓာတ်ဆီပုလင်း ၁၆၅ လုံး၊ မြှားပစ်လက်လုပ်သေနတ် ၁ လက်၊ မှိန်း ၁ ချောင်း၊ ဓား ၄ ချောင်း၊ ပုဆိန် ၁ လက်၊ ၃ ပေါင်တူ ၁ ချောင်း၊ မြှားတံပြုလုပ်မည့် ဝါးချောင်း ၂၂ ချောင်း၊ ဓာတ်ငွေ့ကာ ၁ ခု၊ ပုလင်းအခွံ ၅၅ လုံးနှင့် ဦးထုပ် ၂ လုံးတို့နှင့်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးလမ်းရှိ မောင်မောင် (၆၅)နှစ် (ဘ) ဦးအုန်းကြွယ်နေအိမ်တွင် မောင်မောင်အား မီးစာတပ်ထားသည့် ဓာတ်ဆီ ပုလင်း ၇၈ လုံးနှင့် လက်လုပ်မိုင်းပြုလုပ်ရန် ဖြတ်တောက်ထားသည့် သံပိုက်အတို ၇၀ ခုတို့နှင့် လည်းကောင်း အသီးသီးအား  ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အလားတူ မတ် ၂၁ ရက် နေ့လယ် ၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ပနံကျေးရွာ၌ စုနိုင်မျိုး(ဘ)ဦးမိုးသီးနှင့် အောင်ဇော်မျိုး(ဘ)ဦးစိုးမြင့် တို့ ၂ ဦးကို ဂတ်စ်ဘူး၊ ကော်ပိုက်အပြာဖြင့်ပြုလုပ်ကာ ဖန်ဂေါ်လီထည့်ပစ်ရသည့် လက်လုပ်သေနတ် ၁ လက်တို့ နှင့်  လည်းကောင်း၊ မတ် ၂၂ ရက် ည ၁၁ နာရီ ၄၅ တွင် မင်းလှမြို့၊ ပန်းတော်ပင်ကျေးရွာ ၌ ဇော်မိုးလွင်(ဘ)ဦးအောင်မြင့်စိန် ကို ဒေသန္တရလုပ် လေသေနတ် ၁ လက်၊ သံဘောစေ့ ၄၂ လုံးပါ ၁ ထုပ်၊ လေထိုးတံ ၁ ချောင်းတို့နှင့်လည်းကောင်း၊ ယနေ့နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ကူမဲမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဇွဲလင်းဖြိုး(ခ)ကိုဇွဲ(ဘ)ဦးမျိုးမြင့်သိန်းကို သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၁ လက်၊ သံဘော့စေ့ အလုံး ၂၀ ပါ ၁ ဘူးတို့နှင့် လည်းကောင်း၊ ယနေ့ နံနက် ၁ နာရီ ၁၀မိနစ်တွင် ညောင်ဦးမြို့၊အမှတ်(၄)ရပ်ကွက်၊ ဆုံကုန်းရပ်၊ ရှစ်မျက်နှာဘုန်းတော်ကြီးကျောင်း ရှေ့၌ သန့်ဇင်အောင်(ဘ)ဦးဘိုလေးကို လက်လုပ်မီးခိုးဗုံး  ၂ လုံး၊ Hand Speaker  ၁ လုံး၊ ဖိုက်ဘာဦး ထုပ် ၁၀ လုံး၊ ဝါးခမောက် ၁၀ လုံး၊ လက်အိတ် ၂ စုံ၊ လက်လုပ်ဒိုင်း ၂ ခု၊ နဖူးစည်းများ၊ ဗွီနိုင်းဆိုင်းဘုတ်များတို့နှင့်လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်နေ မြတ်နိုးဦး(ဘ)ဦးရဲဌေး ၏ နေအိမ် ၌ မြတ်နိုးဉီး ကို ပီပါပိုင်း ဖြင့် ပြုလုပ်ထားသော လက်လုပ်ဒိုင်း ၈ ချပ် နှင့်လည်းကောင်း အသီးသီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ အဿက(၂၅)လမ်း၊ အိမ်အမှတ်(၇၃၂/ခ) ၌ ဦးမျိုးကြည်(ဘ)ဦးလှမြင့်နှင့်၎င်း၏သား ဖြစ်သူ ဦးကောင်းထက်မျိုးကြည် တို့အား မြှား ၁ ချောင်း၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ် အသံဗုံး ၃ လုံး၊ ဓား ၁ ချောင်း၊ ဓာတ်ဆီ ၃ ပုလင်း၊ ဂျင်ကလိ ၁၀ ချောင်း၊ လေးခွ ၁ လက်တို့နှင့် လည်းကောင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ရန်ကင်းဘုရားလမ်း၊ ဦးမိုးကျော်သူ(ဘ) ဦးမောင်ဘို၏ အိမ်ဈေးဆိုင်၌ ဦးမိုးကျော်သူအား ဓား ၆ လက်၊ လှံ ၁ ချောင်း၊ လေးခွ ၅ လက်၊ ဂျင်ကလိ ၉ ချောင်းနှင့် ဂျင်ကလိတစ်လက်၊ သံချောင်းများတို့နှင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ မြသီတာ ရပ်ကွက်၊ ဗဟိုလမ်းနှင့် မြသီတာ လမ်းထောင့်ရှိ ဆွမ်း လောင်း ဓမ္မာရုံအတွင်းနှင့် တွဲလက်များပရဟိတ ရုံး တို့၌ စတီးဒိုင်း ၁၁ ခု၊ ဓားအိမ် ၁ ခု၊ ဆူပူအကြမ်း   ဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း အသီးသီးဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ ဆူပူဆန္ဒပြမှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်နှင့်ဆက်စပ် ပစ္စည်းများအား လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။