ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များအား လုပ်ဆောင်ခဲ့

နေပြည်တော်၊ ဧပြီလ ၂၆     

 ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များ ဖြင့်ပစ်ပေါက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံး များ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား ဆောင်ရွက်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန် တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့သို့ ဆူပူအကြမ်းဖက်သူက အသံဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ပညာရေးမှူးရုံး မျက်နှာစာရှိ လေကာမှန် ၆ ချပ် ကွဲအက်ပျက်စီးနေသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရ သည်။

အလားတူ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကုန်းတိန် ကျေးရွာနှင့် မန်ဝိန်းလေးကျေးရွာကြား ဗန်မော်-မန္တလေးကားလမ်းဘေး မိုင်တိုင်အမှတ်(၂/၂၈၅)ရှိ ကုန်းတိန် ရွှေညောင်ပင်ဘုန်းကြီးကျောင်းအနီး လက်လုပ်ဗုံး ၇ လုံး တွေ့ရှိခဲ့ရာ အဆိုပါ လက်လုပ်ဗုံး များအနက် ၁ လုံးမှာ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၆ လုံးအား ဖျက်ဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

အလားတူ နေ့လယ် ၁၁ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေဘိုစုရပ်ကွက်၊ ဓါတ်တော်ချိုင့်သွားလမ်းရှိ ဓာတ်တိုင်အောက်၌ မသင်္ကာဖွယ် ကျောပိုးအိတ် ၁ လုံး အတွင်းမှ  ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့သည်။

 အလားတူ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရေးမြို့နယ်၊ အဘော်ကျေးရွာနေ ကိုသန်းထိုက်(၄၄)နှစ် (ဘ)ဦးအောင်စိန် နေအိမ်ခြံဝန်းအတွင်းသို့ အကြမ်းဖက်သူအမျိုးသား ၁ ဦးက လက်ပစ်ဗုံးများဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ၎င်း၏ နေအိမ်ခြံဝင်းအတွင်းမှ လက်ပစ်ဗုံး ၁ လုံးနှင့် လက်လုပ်ဗုံး ၂ လုံး တို့အား တွေ့ရှိရသဖြင့်  သက်မဲ့ပြုလုပ်ကာ ဖယ်ရှားခြင်းလင်းခဲ့သည်။

 အလားတူ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရေဘားအဖွင့်အပိတ် ခလုတ်ရှိသည့် ချိုင့်အတွင်း၌ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍အဆိုပါလက်ပစ်ဗုံးအား  သက်မဲ့ပြုလုပ်ကာ  သိမ်းဆည်းခဲ့သည်။

 အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်ရှိ ပြည်တက္ကသိုလ်၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူ အမျိုးသား ၅ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး တက္ကသိုလ်ပင်မဂိတ်အနီးသို့ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်ဗုံးများမှာ ပင်မဂိတ်အနီးရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ နားနေဆောင်အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုနှင့် အဆိုပါ အဆောင် အမိုးအနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 အလားတူ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ဦးဘဝင်းလမ်းဘေးရှိ ရေမြောင်းအဖုံးပေါ်၌ အရှည် ၄ လက်မခန့်ရှိ PVC ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၂ လုံးအား တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့သည်။

အလားတူ ညနေ ၅ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနှင့် ၉၁ လမ်းထောင့်ရှိ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်းအား ၄၁ လမ်းအတိုင်း အရှေ့မှ အနောက်သို့ အကြမ်းဖက်သူ အမျိုးသား ၁ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ကျောင်းခြံစည်းရိုးအပြင်ဘက် အုတ်နံရံအား ထိမှန်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ အလားတူ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ၊ ပေါက်တောဝရပ်ကွက်၊  ရပ်ကွက်စီမံ အုပ်ချုပ်မှုအဖွဲ့ရုံရှေ့ ဘုရင့်နောင် လမ်းမကြီး ပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါပေါက်ကွဲသည့်နေရာ၌ အလျား ၃ လက်မခန့်ရှိ PVC ပိုက်အပိုင်းအစ ၁ ခု၊ အုတ်ရိုက်သံ ၂၀ ချောင်းခန့်၊   သံဘောစေ့ ၂၅ လုံးခန့်အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက် ပျက်စီးမှု မရှိကြောင်းသိရသည်။

 အလားတူ ညနေ ၅ နာရီခွဲအချိန်တွင် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၃ လမ်းနှင့် ၉ လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအား ၇၃ လမ်းဘက်မှ ၇၂ လမ်းဘက်သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ လွှတ်တော်ရုံးခြံစည်းရိုးအုတ်နံရံ အပြင်ဘက်ထိမှန်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်ပစ္စည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားလူ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သင်္ဃန်းကျွန်း မြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ကျိုက္ကစံနောက်ရပ်ကွက်၊ သုမင်္ဂလာ လမ်းပေါ်ရှိ မြန်မာ့ စီးပွားရေးဘဏ်ရှေ့ဝန်းကျင်သို့ ရောက်ရှိစဉ် ဘဏ်၏ယာဘက်ရှိ ညောင်ပင်အောက်၌ CMP တံဆိပ်ပါ ၁ ဂါလံဆံ့ အိမ်သုတ် ဆေးပုံးအတွင်းမှ ကီးပတ်ဖုန်းနှင့် ဝါယာကြိုးများ ချိတ်ဆက် ထားသည်လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် အဆိုပါဘဏ်နှင့် ကိုက် ၅၀ ခန့်အကွာရှိ ဇာလီပရိယတ္တိ စာသင်တိုက်ဝင်ပေါက်အနီး၌ ခေါက်ဆွဲခြောက် စက္ကူဘူးခွံအတွင်း ထည့်ထားသော အလျား ၁ ပေ၊ အနံ ၈ လက်မ၊ အမြင့် ၄ လက်မခန့်ရှိ လေးထောင့် အဖြူရောင်ကော်ပုံး ၁ ခုအတွင်း၌ ပုလဲဓာတ်မြေဩဇာ၊ ဒီဇယ်၊ ကီးပတ်ဖုန်း ၁ လုံး၊ ဓာတ်ခဲ ၂ လုံး၊ မီးသီး ၁ လုံး၊ ပလပ်ခုံ ၁ ခုတို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားသော လက်လုပ်ဗုံး ၁ လုံးအား စစ်ဆေးတွေ့ရှိသဖြင့် သက်မဲ့ပြုလုပ် ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အလားတူ ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေပြုလျက်ရှိသည့် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းသို့ ဗားကရာလမ်းအတိုင်း အရှေ့ဘက်မှ ကမ်းနားလမ်းဘက်သို့ မောင်းနှင် လာသည့် Toyota Wish အဖြူရောင်ယာဉ်(စိစစ်ဆဲ)သည် ဗားကရာလမ်းနှင့် ဗိုလ်သူရလမ်းထောင့်ရှိ AGD ဘဏ် ATM စက်အကျော်၌ ရပ်တန့်ကာ အကြမ်းဖက်သူအမျိုးသား ၂ ဦးမှ အဆိုပါယာဉ်ပေါ်မှ ဆင်းလာပြီး  အမျိုးသား ၁ ဦးက ညောင်ပင်အား အကာအကွယ်ပြု၍ လက်လုပ်ဗုံး ၃ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ကမ်းနားလမ်း ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနှင့် လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုကြောင့် ကျောင်းဝင်း အုတ်နံရံနှင့် မြဝတ်မှုံ နှစ်ထပ်စာသင်ဆောင်ကြား၌ လက်လုပ်ဗုံး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အလားတူ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် အမရပူရမြို့နယ်၊ မြို့ပြင်ကြီးကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဒေါ်သိမ့်သိမ့်စိုး (၅၁)နှစ် (ဘ)ဦးဝင်းမောင်၏ နေအိမ်အား အကြမ်းဖက်သူ အမျိုးသား ၆ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လလုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ နေအိမ်ရှေ့သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှု မရှိကြောင်း နှင့် အဆိုပါလက်ပစ်ဗုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရ သည်။

အလားတူ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် သထုံမြို့၊ သိမ်ကုန်းရပ်ကွက် ရွှေစာရံ ဘုရားရင်ပြင် သာသနာ့ဗိမာန်ရှေ့သို့ မင်းလမ်းအတိုင်း တောင်ဘက်မှ ရွှေစာရံဘုရားရင်ပြင်ဘက်သို့ ဆိုင်ကယ် ၁ စီး စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့်  ပစ်ပေါက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့်  လူ/အဆောက်အဦ ထိခိုက်မှု မရှိကြောင်း သိရသည်။

အလားတူ ည ၇ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက် ကန်ဖျားလမ်းမကြီးဘေးရှိ ခရိုင်စိုက်ပျိုးရေးအိမ်ရာ ဆိုင်းဘုတ်အနီးတွင် လည်းကောင်း၊ ည ၈ နာရီအချိန်တွင် ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဆိုင်းဘုတ်ရှေ့လမ်းပေါ်တွင်လည်းကောင်း၊ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် အာဇာနည်လမ်းနှင့် သစ်တောရုံးလမ်းထောင့်ရှိ ဝန်ထမ်းအိမ်ရာ အနီးတို့တွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာများ၌  ပေါက်ကွဲထားသည့် လက်လုပ်ဗုံး အပိုင်းအစများတွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားလူ ည ၇ နာရီ ၅၈ မိနစ်ခန့်တွင် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရပ်ကွက်စီမံ အုပ်ချုပ်မှုအဖွဲ့ရုံအနီး၌ လည်းကောင်း၊ ည ၈ နာရီအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ လည်းကောင်း၊ ည ၈ နာရီ ၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်၊ “ပြည်သူ့ဆေးရုံကြီး” အနောက်ဘက် လမ်းပေါ်၌ လည်းကောင်း၊ ည ၈ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဆင်မွှေးကျေးရွာရှိ ဦးသန်းထွန်းနိုင် (စိစစ်ဆဲ)ပိုင် ဖွင့်လှစ်ထားခြင်းမရှိသည့် “ဟေဝန်နန်း” ဆိုင်၌ လည်းကောင်း၊ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၁၀)ရပ်ကွက်၊ သရက်ခြံရပ်ရှိ ခရိုင်ပညာရေးမှူးရုံးအား လည်းကောင်း ဆူပူအကြမ်းဖက်သူများက လက်လုပ်ဗုံးများဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ပေါက်ကွဲ မှုများဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေရာများအနီး၌ ပေါက်ကွဲထားသည့် လက်လုပ်ဗုံး အပိုင်းအစများနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးများအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းကြောင်းနှင့် အဆိုပါ ပေါက်ကွဲမှုများ ကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၅ နာရီ ၃၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးစည်လှိုင် (ခ) စိန်ထွန်း၏ နေအိမ်သို့ အကြမ်းဖက်သူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါလက်ပစ်ဗုံးမှာ နေအိမ်ခြံဝင်းအတွင်းရှိ ကားများရပ်တန့်ထားသော နေရာဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ရပ်တန့် ထားသော Voxy ယာဉ်၏  ဝဲဘက်ရှေ့ဘီးပေါက်ကာ ယာဉ်၏ ဝဲဘက်ခြမ်းတွင် အပေါက် ၉ ပေါက် ထိမှန်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှ လက်ပစ်ဗုံး လီဘာတံ ၁ ခု၊ မောင်းတုံးအပိုင်းအစနှင့် ပေါက်ကွဲထားသည့် လက်ပစ်ဗုံး ကိုယ်ထည် သတ္တုအပိုင်းအစ ၄ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ နံနက် ၆ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ ဗဟိုလမ်းရှိ မဟာဝံသဓမ္မရက္ခိတ ပရိယတ္တိစာသင်တိုက်ရှေ့ ရထားသံလမ်းကြား၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ ပေါက်ကွဲထားပြီးဖြစ်သော လက်လုပ်မိုင်း ၁ လုံး၏ အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ ကန်ဖျားလမ်းရှိ ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအရှေ့ ဆင်ဝင်အောက်၌ လည်းကောင်း၊ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့၊ ဆရာစံတိုးချဲ့ရပ်ကွက်ရှိ ဆည်မြောင်းနှင့် အရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး ရေစက်ခန်း အတွင်း၌လည်းကောင်း၊     နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆) ရပ်ကွက်၊ မြိုင်လမ်းရှိ “ကျားမြင့်” ကားပစ္စည်းဆိုင်ရှေ့ လမ်းလယ်ကျွန်းပေါ်၌လည်း ကောင်း လက်လုပ်ဗုံး/လက်ပစ်ဗုံးများအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။

အလားတူ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စင်ရပ်ကွက်၊ (၇၁)လမ်းနှင့် (၃၅)လမ်းထောင့်ရှိ ရတနာပုံဘဏ်ရှေ့သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် မောင်းနှင်ရောက်ရှိလာကာ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်မောင်းနှင်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ဘဏ်ခြံ စည်းရိုးရှေ့ရှိ ရေမြောင်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။