ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ မေ ၄

နိုင်ငံတော်အတွင်း နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ မေလ ၃ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၆)ရပ်ကွက်၊ လသာလမ်းရှိ RH & RV ဖုန်းအရောင်းဆိုင် ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်အား လည်းကောင်း၊ ည ၆ နာရီ ၃၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ၇၈ လမ်းနှင့် စစ်ကိုင်း လမ်းထောင့်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လည်းကောင်း၊ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးအား လည်းကောင်း၊ ည ၈ နာရီ ၂၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ (၁)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဠဖြစ်သူ ဦးစောရွှေ၏ နေအိမ်အား လည်းကောင်း၊ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သိမ်းကုန်းကျေးရွာနှင့် မြောက်မန်းကြားကျေးရွာ ရွာချင်းဆက်လမ်းပေါ်၌ လည်းကောင်း၊ ည ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြားရှိ မြို့နယ်ပညာရေးမှူးရုံးအား လည်းကောင်း၊ အလားတူ ယနေ့နံနက် ၃ နာရီအချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ (ဃ) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ရွှေတဆုပ်လမ်းကြားရှိ မြို့နယ်ပညာရေးမှူးရုံးအနီးရှိ ပျံကျဈေးတန်း အဟောင်း အား လည်းကောင်း၊ နံနက် ၄ နာရီခွဲအချိန်တွင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်းရှိ ကောလိပ်ဆိုင်းဘုတ်အနီး၌ လည်းကောင်း၊ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်တရားရုံးတို့အားလည်းကောင်း၊ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြိို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအနီးအား လည်းကောင်း၊ နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဖလမ်း-ဟားခါး ကားလမ်း မြို့အဝင် (၆)လမ်းဆုံအနီးအားလည်းကောင်း၊ နံနက် ၇ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်နေ ဦးရဲထွဋ် (၅၆)နှစ် (ဘ) ဦးသောင်းညွှန့်၏ နေအိမ် ဈေးဆိုင်အား လည်းကောင်း ၊ ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္ကဝတ်(၆)လမ်းရှိ ရာအိမ်မှူး ဦးရဲထွဋ်၏ နေအိမ်အားလည်းကောင်း၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းရပ်ကွက်၊ ပန်းခြံစု(၃)လမ်းရှိ ရာအိမ်မှူး ဦးသန်းဌေး ၏ နေအိမ်အား လည်းကောင်း၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအားလည်းကောင်း၊ နံနက် ၁၁ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဟံသာဝတီဘောလုံးကွင်းအတွင်းသို့လည်းကောင်း၊

နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့၊ ထီးတရဲ ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့နယ်ပန်းခြံအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၇)ရပ်ကွက်၊ ရွှေရင်အေးကျောင်းလမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအား လည်းကောင်း ဆူပူအကြမ်းဖက်သူများက မော်တော်ဆိုင်ကယ်များဖြင့် လာရောက်၍ လက်လုပ် မိုင်းများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့ရာ ရပ်ကွက်ရုံးများ၊ နေအိမ်၊ အဆောက်အဦများ နှင့် မော်တော်ယာဉ်များ အနည်းငယ်ထိမှန်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦး ဗုံးစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ယနေ့နံနက် ၇ နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို၊ ကျိုက်ဖနဲရပ်ကွက်၊ ဒိုင်းဝန်းကွင်းလမ်းနေ ဦးကျော်နိုင်ဦး (၄၄)နှစ် (ဘ) ဦးကျော်စိုး၏ နေအိမ်ရှေ့၌ လည်းကောင်း၊နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဘေးလမ်း ပလက်ဖောင်းပေါ်၌ လည်းကောင်း၊ မွန်းလွဲ ၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်ရှိ မြို့နယ်တရားရုံးဝင်း အတွင်း၌ လည်းကောင်း မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးများတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက အများပြည်သူအန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။ တရားမဝင်အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG အဖွဲ့အနေဖြင့် နိုင်ငံတစ်ဝန်းဆူပူ အကြမ်းဖက်မှုများလုပ်ဆောင်ရန် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တိုက်တွန်းခြင်းများ ဆောင်ရွက် လျက်ရှိြပီး ယခုကဲ့သို့အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားအောင် ဆောင်ရွက်လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူ များအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေ သူများအား ပြည်သူများနှင့် အတူ ပူးပေါင်း၍ ဖမ်းဆီးရမိရေးနှင့် တရားဉပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။