ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်

နေပြည်တော် မေ  ၇

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့်ဒေသခံများ၏တောင်းဆိုမှု အရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များစေလွှတ်၍ ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆေးကုသရေးအဖွဲ့များကို စေလွှတ်ကုသလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ သာစည် မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်း မြို့နယ်ရှိ ပင်းတလဲတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ကျောက်ဆည်ခရိုင်ရှိ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မြစ်သားမြို့ပြည်သူ့ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ လူနာများအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများနှင့် ခွဲစိတ်ကုသရန် လိုအပ်သောလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)