နေပြည်တော် မေ ၂၁
ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များစေလွှတ်၍ ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆေးကုသရေးအဖွဲ့များကို စေလွှတ်ကုသလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက် နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်ရှိ ပင်းတလဲတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ကျောက်ဆည်ခရိုင်ရှိ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မြစ်သားမြို့ပြည်သူ့ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံနှင့် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံနှင့်ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ လူနာများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများနှင့် ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)