ဆေးကုသရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော် မေ  ၆

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိ ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့ကို လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အခက် အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆို မှုအရ   တပ်မတော်ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍     ဆေးကုသရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့  ဆေးကုသရေးအဖွဲ့များအား စေလွှတ်ကုသရာတွင် မန္တလေးတိုင်းဒေသ ကြီး၊ မိတ္ထီလာခရိုင်ရှိ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက် နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်ရှိ  ပင်းတလဲတိုက်နယ် ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်း တိုက်နယ်ဆေးရုံ၊ မတ္တရာပြည်သူ့ဆေးရုံ၊ ကျောက်ဆည်ခရိုင်ရှိ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်ရှိ  ယင်းတော်တိုက်နယ် ဆေးရုံ၊  မြစ်သားမြို့ပြည်သူ့ဆေးရုံ၊ ကူမဲ တိုက်နယ်ဆေးရုံ၊  တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ လူနာများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများနှင့် ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများ အနေဖြင့်   အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်း ရရှိသည်။