ဆေးကုသရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်  ဧပြီ  ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံ၊   မိတ္ထီလာခရိုင်၊   သာစည်မြို့နယ်ဆေးရုံ၊   ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်း တိုက်နယ်ဆေးရုံ၊    သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည် မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ် ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊  ဝဲလောင်တိုက်နယ်ဆေးရုံ၊  ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊  ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့်  လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေများ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု အပေါ် ဒေသခံပြည်သူများ အနေဖြင့် အထူးပင် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သတင်း ရရှိသည်။