ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂၄

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု များမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သား များက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။ ထို့သို့လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့ ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ရေးမြို့နယ်ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ တိုက်နယ်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အထွေထွေရောဂါကု ဆေးရုံကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် တိုက်နယ်ဆေးရုံနှင့် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်တိုက်နယ် ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော် စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်း ရရှိသည်။