ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ရူဒီဂါကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် လေးသိန်းအထိပေးပြီး ခေါ်ယူရန် ဘိုင်ယန်မြူးနစ် အသင်း ပြင်ဆင်
ဘိုင်ယန်မြူးနစ်အသင်းက ချယ်လ်ဆီးအသင်း၌ အနာဂတ် မရေမရာဖြစ်နေသည့် ခံစစ်ကစားသမား ရူဒီဂါကို တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် လေးသိန်း အထိပေးပြီး ခေါ်ယူရန်ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
ရူဒီဂါသည် ယခုဘောလုံးရာသီ ကုန်ဆုံးလျှင် အသင်း နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရရှိမည်ဖြစ်ကာ ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင် ပြောင်းရွှေ့မည့် အသင်းနှင့် တရားဝင် ကမ်းလှမ်းခွင့် ရရှိမည်ဖြစ်သည်။
လက်ရှိတွင် ရူဒီဂါကို ဥရောပ ထိပ်တန်းအသင်းကြီး များဖြစ်သည့် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ကလည်း ခေါ်ယူလိုသည့်အတွက် ပီအက်စ် ဂျီအသင်းက မြင့်မားသည့် လုပ်ခလစာဖြင့် လက်ဦးမှု ရယူနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ရူဒီဂါသည် ချယ်လ်ဆီးအသင်း၌ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် တစ်သိန်းသာရရှိ နေပြီး ရူဒီဂါက စတာလင်ပေါင် နှစ်သိန်းအထိ အလို ရှိနေသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေကာ ဘိုင်ယန်မြူးနစ် အသင်းက စတာလင်ပေါင် လေးသိန်းအထိပေးပြီး ခေါ်ယူနိုင်ပါက ကမ္ဘာ့လုပ်ခလစာ အများဆုံး ခံစစ်ကစားသမားအဖြစ် စံချိန်တင်နိုင်မည်ဖြစ်သည်။