ညမထွက်ရအမိန့် လိုက်နာရန် ပျက်ကွက်သူ သုံးဦးအား အမှုဖွင့်အရေးယူ

မွန်ပြည်နယ် မော်လမြိုင်မြို့၌ အောက်တိုဘာ ၂၉ ရက်တွင် ညမထွက်ရအမိန့် လိုက်နာရန်ပျက်ကွက်သူ သုံးဦးအား အမှုဖွင့် အရေးယူကြောင်း သိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညီညီနှင့် တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့နယ်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုအပေါ်  ပူးပေါင်းအဖွဲ့များနှင့်အတူ မော်တော်ယာဉ်များဖြင့်    လှည့်လည် ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တော်ကူးဘုန်းကြီးကျောင်းအနီး၌ ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာနေ   ဦးဇော်အောင် ၅၃ နှစ်ကို လည်းကောင်း၊  မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်   ရထားသံလမ်းအနီး၌  မော်လမြိုင်မြို့   သီရိမြိုင်ရပ်ကွက်နေသူများ ဖြစ်ကြသည့်  ဦးမျိုးထိုက်(ခ)အာနိုး ၃၆ နှစ်နှင့် စည်သူကျော် ၁၉ နှစ်တို့နှစ်ဦး အားလည်းကောင်း     အသီးသီး တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  ဇော်အောင်၊ မျိုးထိုက်(ခ)အာနိုးနှင့် စည်သူကျော်တို့ သုံးဦးအား မုပွန်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၁၈၈   ဖြင့် အမှုဖွင့် အရေးယူလျက် ရှိကြောင်း သိရသည်။