ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေး ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် ဘုရားကြီး၏ သက်တော်ရာပြည့် ဂုဏပူဇာသဘင်မင်္ဂလာပြုလုပ်

ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေး ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် ဘုရားကြီး၏ သက်တော်ရာပြည့် ဂုဏပူဇာသဘင်မင်္ဂလာပြုလုပ်

နေပြည်တော်၊ မေ - ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေး ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် မဂ္ဂမဟာပဏ္ဍိတ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဩသဓာဘိဝံသ မဟာထေရ်ဆရာတော် ဘုရားကြီး၏ သက်တော်ရာပြည့် ဂုဏပူဇာသဘင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေး ကျောင်းတိုက် ဓမ္မာရုံ၌ပြုလုပ်ရာ မအူပင်မြို့၊ သိုက်ကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တဉာဏဒီပ အမှူးပြု သော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မအူပင်မြို့၊ သိုက်ကုန်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကုမာရက သက်တော်ရှည်ရာပြည့် မဟာထေရ် ဆရာတော် ဘုရားကြီး၏ သင်္ခေပ ထေရုပ္ပတ္တိကထာကို ဖတ်ကြားသည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက ကုဏဝီသီဋ္ဌထုဘိဝေဒလ္လ ဂါထာဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဦးစီးဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်မှ တေးသံရှင်များက ရှစ်ဆယ်ပေါ်မင်္ဂလာ တေးထပ်နှင့် ရာပြည့်ဂုဏပူဇာမင်္ဂလာရတုပိုဒ်စုံဖြင့်လည်းကောင်း၊ ဘိသိက်ပညာရှင် ဦးထိန်လင်းက ရာပြည့်ဂုဏပူဇာမင်္ဂလာဩဘာစာတမ်းဖြင့်လည်းကောင်း သက်တော် ရှည်ရာပြည့် မဟာထေရ်ဆရာတော်ဘုရားကြီးအား အသီးသီး ဖတ်ကြားပူဇော်ကြ သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းပြီး စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ပုဏ္ဏမာရာမ ဈေးကျောင်းတိုက်အကျိုးတော်ဆောင် ဦးထွန်းသိန်းက လက်ခံရယူသည်။ ၎င်းနောက် တက်ရောက်လာကြသူများက ညောင်တုန်းမြို့၊ တောင်ညိုပရိယတ္တိ စာသင်တိုက် ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောမလထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။