ညောင်တုန်းမြို့၌ ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူပွဲမင်္ဂလာ ကျင်းပပြုလုပ်

ညောင်တုန်းမြို့၌ ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူပွဲမင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၆

ဝါခေါင်လကရင်ရိုးရာချည်ဖြူပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အကအဖွဲ့များက ကရင်းဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ဖားစည် (၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြော ကြားသည်။ ၎င်းနောက် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူပွဲမင်္ဂလာ အကြောင်းသိကောင်း စရာများအား ကရင်လူမျိုးကိုယ်စားလှယ် တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ဝါခေါင်လ ကရင်ရိုးရာချည်ဖြူပွဲမင်္ဂလာအား ဆက်လက် ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။