ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၁၄
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ၌ တက်ရောက်ကုသမှုခံယူနေသည့် ဓာတ်ခွဲအတည်ပြု ပိုးတွေလူနာများအတွက် အလှူငွေကျပ်သိန်း ၃၀၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် Mask ၂၅၀၀ ခု၊ လက်အိတ် ၆၀၀ စုံ၊ ရေမလို လက်သန့်ဆေးရည် ၂၄ ဘူး၊ အရက်ပြန် ၂၀ လီတာ ၂ ပုံး၊ စားသောက်ဖွယ်ရာများ၊ ဂေါ်ရခါးလူငယ်ပရဟိတ အသင်းသို့ ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်ပစ္စည်းများ အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း Volunteer များနှင့် ပရဟိတအသင်းအဖွဲ့များအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ Mask များ၊ ပိုးသတ်ဆေးရည်များ၊ လက်သန့် ဆေးရည်များနှင့် အရက်ပြန်များအားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျုံပျော်မြို့၊ တေဇရပ်ကွက်နှင့် ကျောင်းကုန်း မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၅၃၁ စုတို့အတွက် ဆန်အိတ်များ အားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ မေတ္တာအေးရိပ်နာရေး ကူညီမှု အသင်းအတွက် PPE ဝတ်စုံ ၁၅ စုံနှင့် Mask ၅၀၀ ခုတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ရှိ ဆွေသဟာပရဟိတလူမှု ကူညီအသင်းသို့ အလှူငွေကျပ် သိန်း ၅၀၊ PPE ဝတ်စုံ ၅၀ စုံ၊ Mask ၃၀၀၀ ခု၊ အောင်မြေသာစံမြို့နယ်၊ မေ(ဃ)ဂီရိရပ်ကွကနေ ပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများအားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌနာချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက အသီးသီး ထောက်ပံ့ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။