တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ဖြန့်ဖြူး
နေပြည်တော်၊ မတ် ၁၁
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery and Logistics ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ယင်းသို့ ပို့ဆောင်ဖြန့်ဖြူးပေးရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟို ကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွင်ထားရှိသည့် ကိုဗစ်ကာကွယ်ဆေးများကို တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ကြီးများဖြစ်သော ထားဝယ်မြို့သို့ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covishield ဆေး ၃၉၃ လုံး၊ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covaxin ဆေး ၉၁၂၂ လုံး နှင့် ဆေးထိုးအပ် ၉၅၄၀၀ ချောင်း၊ မြိတ်မြို့သို့ ဆေးတစ်လုံးလျှင် (၁၀) ယောက်ထိုးနိုင်သော Covishield ဆေး ၁၃၅၆ လုံး၊ ဆေးတစ်လုံးလျှင် (၁၀) ယောက်ထိုးနိုင်သော Covaxin ဆေး ၆၀၃၄ လုံး နှင့် ဆေးထိုးအပ် ၇၅၆၀၀ ချောင်း၊ ကော့သောင်းမြို့ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covishield ဆေး ၁၃၂ လုံး၊ ဆေးတစ်လုံးလျှင် (၁၀) ယောက် ထိုးနိုင်သော Covaxin ဆေး ၁၄၁ လုံး နှင့် ဆေးထိုးအပ် ၃၆၀၀ ချောင်း တို့ကို တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။