တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်
နေပြည်တော်၊ အောက်တိုဘာ - ၂
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထို့သို့ပေးအပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် တစ်ဦးက လှူဒါန်းသည့် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အောက်တိုဘာ ၁ ရက်နှင့် ယနေ့တို့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူ ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများက ထားဝယ်မြို့နယ်ရှိ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လိုက်လံဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။