တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ စာသင်ကျောင်းလုံခြုံရေးအဖွဲ့အား လာရောက်ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကိုင်အကြမ်းဖက်သူအမျိုးသား ၂ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၈
    
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ စာသင်ကျောင်းလုံခြုံရေးအဖွဲ့အား လာရောက် ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကိုင်အကြမ်းဖက်သူအမျိုးသား ၂ ဦးအား လက်နက်ခဲယမ်း များ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
    
ဖြစ်စဉ်မှာ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် ထားတယ်မြို့နယ်၊ ရောင်းမော် ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်သည့် ပြည်သူ ၁၀ ဦးသည် ကျောင်းလုံခြုံရေးအတွက် အဆိုပါကျောင်း၌ လုံခြုံရေးဆောင်ရွက်ပေးနေစဉ် Dawei 
Defence Team (DDT) အမည်ခံ လက်နက်ကိုင်အကြမ်းဖက်သူအင်အား ၂၀ ဦးခန့်က ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ကျောင်းခြံစည်းရိုးအပြင်ဘက်မှနေ၍ လက်လုပ်ဗုံး၊ လက်လုပ်သေနတ်၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းလုံခြုံရေးအဖွဲ့မှ တူမီးသေနတ် များဖြင့် ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သူများမှ ကျောင်းနှင့် မီတာ ၅၀ ခန့်အကွာသို့ ဆုတ်ခွာသွားခဲ့သည်။
    
အကြမ်းဖက်သူများက ကျောင်းလုံခြုံရေးအဖွဲ့အား လာရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း သတင်းအရ နံနက် ၅ နာရီအချိန်တွင် ထားဝယ်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောင်းလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်းရန် ထွက်ခွာလာခဲ့ရာ အဆိုပါကျောင်း၏ အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်သူများက လက်လုပ်ဗုံး၊ လက်လုပ် သေနတ်၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၎င်းတို့မှာ စာသင်ကျောင်း၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ပြီး DDT အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ တင်နိုင်(ခ) ကိုဂျိမ်း (ခ) ဂျိမ်းစဘွန်း (၄၈)နှစ်နှင့် အမျိုးသား ၁ ဦး တို့အား လက်လုပ်ပြောင်းချော သေနတ် ၁ လက်၊ ပွိုင့် ၂၂ သေနတ် အရှည် ၂ လက်၊ ပွိုင့် ၂၂ သေနတ်အတို ၂ လက်၊ ပွိုင့် ၂၂ ကျည် ၁၅ တောင့်၊ လက်လုပ်ဗုံး ၃ လုံး၊ ဆိုင်ကယ် ၄ စီးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။
    
ထိုကဲ့သို့ ကျောင်းလုံခြုံရေးဆောင်ရွက်နေသည့် ကျေးရွာသားများအား ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့် Dawei Defence Team (DDT) အမည်ခံ လက်နက်ကိုင်အကြမ်းဖက်သူ များအား ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။