တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာလာရောက်ဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပ ပြုလုပ်

တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာလာရောက်ဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပ ပြုလုပ်

 
နေပြည်တော်၊ အောက်တိုဘာ - ၂၀

 
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက် လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ် မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရ အကျိုး ပြတရားတော်ကို ဟောကြားတော်မူ သောနေ့ထူး နေ့မြတ်ဖြစ်သည်။
အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရား ရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်း ဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာ သင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအား ထုတ်ဆောင်ရွက်ကြပြီးတိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်း သာစွာ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။
ထိုအတူ တန်ဆောင်တိုင်မီးထွန်းတော်များကိုလည်း တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေး ချမ်းသာစွာ လာရောက် ထွန်းညှိပူဇော်ဖူးမြော်ကြည်ညိုကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများနှင့် ထွန်းညှိ ပူဇော်ပြီး တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက် အဦများ၊ ပန်းအလှသစ်ပင်များ တွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီပြုလုပ်ခဲ့သည်။ မီးထွန်းပွဲတော်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံး အေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့ လာခဲ့ကြကြောင်း သတင်းရရှိသည်။