တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇန်နဝါရီ - ၁၄
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်ကျေးရွာရှိ ကုသလာရာမချမ်းမြေ့ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ငါးဗြေမ ကျေးရွာရှိ ငါးဗြေမအနောက်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြောင်းမြ ကျောင်းပရိယတ္တိစာသင်တိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဇေတဝန် ဘုန်းတော်ကြီး ကျောင်းတိုက်၊ ဘူးသီးတောင်မြို့နယ်ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောက်ဖြူမြို့နယ်ရှိ ယပ်လှဲပရိယတ္တိစာသင်တိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာဇံမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။