တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၇

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သံလမ်းကျောင်းတိုက်၊ သရက်တောကျောင်း တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိပ်ကြည်ကျေးရွာရှိ ဓမ္မရက္ခိတ သာသနာ့မဂ္ဂင်ရိပ်သာကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာရှိ သုဓမ္မာ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်မြေဘုံသာ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မဟိဒ္ဓ ိကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပုဗ္ဗာရုံဓမ္မရိပ်သာ ကျောင်းတိုက်နှင့် အုတ်ဖိုမြို့၊ အိုးသည်ကုန်း တိုက်နယ်၊ စံကျောင်းဘုန်းတော်ကြီး ကျောင်းအပါအဝင် အုတ်ဖိုမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၄၉ ကျောင်း၊ သီလရှင် ကျောင်း ၂၀ ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။