တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော်၊ နိုဝင်ဘာ - ၃၀
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ နယ်၊ ဇယ်တုန်ဟုန်းကျေးရွာရှိ ဇယ်တုန်ဟုန်းဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ ပုပ္ပါးကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ စိုင်တီကုန်းကျေးရွာရှိ ဗုဒ္ဓညီနောင်သဒ္ဓီအောင်ကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဝံသဓမ္မာရုံ၌ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ သဲဖြူဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တ ပညာဇောတ၊ မအူပင်မြို့၊ မဟာဗောဓိကျောင်းတိုက်၊ ဖျာပုံမြို့၊ သာသနာ့လင်းရောင်ခြည် ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ အဝေရာတောင်မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆင်္ကာတောင်ရွာ၊ ပညာရာမကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။