တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၂၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၊ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်ရှိ သုံးပါးရတနာ စာသင်တိုက်၊ မှော်ဘီမြို့နယ်၊ အရှေ့သရက်ကုန်းကျေးရွာရှိ အရှေ့သရက်ကုန်းကျောင်း တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်း၊ မကွေးတိုင်း ဒေသကြီး၊ သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာရှိ ဆူးပုတ်ကုန်းဘုန်းတော်ကြီးကျောင်း၊ စခန်းကြီးကျေးရွာရှိ သီရိမင်္ဂလာတပ်ဦးကျောင်း၊အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက် ရှိ သီတဂူဇောတိကစက္ကူဒါနဆေးရုံတော်၊ သံချိတ်ကျေးရွာရှိ ဓမ္မပါလကျောင်းတိုက်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ကမ္ဘောအေးကျောင်းတိုက်၊ တောင်တွင်းကြီး မြို့နယ်၊ တိုက်ပွဲကျေးရွာရှိ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များ နှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ အောင်လံဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သရက်တပ်နယ်မှ တာဝန်ရှိသူများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများ သွားရောက်လှူဒါန်းပြီး နယ်မြေခံဆေးကုသရေးအဖွဲ့များက အဘိုး၊ အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။