တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဩဂုတ် - ၂၅
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင်တပ်ဦးကျောင်းတိုက်၊ ပူတာအိုမြို့ရှိ ပူတောင်းဘုန်းတော်ကြီး ကျောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေပရဟိတကျောင်း တိုက်၊ လင်းခေးမြို့ရှိ ကမ္မဌာန်းကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုသိမ်မြို့ရပ်ကွက်ရှိ မဟာဝိဇယရာမကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ငြိမ်းချမ်းရေးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ပညာရာဓိက မြို့ဦးကျောင်းတိုက်၊ ဝမ်းတော်ပြည့်ကျောင်းတိုက်နှင့် ထီလာဦးကျောင်းတိုက်၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရွာရှိ မင်္ဂလာတပ်ဦးဘုန်းတော်ကြီး ကျောင်း၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းရွာရပ်ကွက်ရှိ ဇေယျာမဏ္ဍိတ်သီလရှင် ကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ သာသနာ့ဟိတကာရီတပ်ဦး ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ရှိ အေးသီတာဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သား များက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းခဲ့ကြကြောင်းနှင့် နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။