တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတ ဝန်းသိုဘုန်းတော်ကြီးကျောင်းတိုက်၊ ပူတာအိုမြို့ရှိ ဟိုခိုဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းအမှတ်(၂)ဝန်းရှိ အောင်ခေမာတွံ့တေးကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ကံသာယာကျေးရွာရှိ ဇောတိ ကာရုံကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ မဟာဗောဓိကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရွာသာယာဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ ကျောက်တော်မြို့ရှိ ရတနာဦးဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ဓမ္မရက္ခိတ သီလရှင်ကျောင်းနှင့် မကွေးမြို့ရှိပညာသိဒ္ဓိကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်း များနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး၊ ဖန်ခါးမြေဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွား များအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ နယ်မြေခံတပ်မတော် သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။