တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၈

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၊ ပူတာအိုမြို့ရှိ ကောင်းမှုလုံထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ တနိုင်းမြို့ရှိ ဇေယျာသီရိ ပရိယတ္တိစာသင်တိုက်နှင့် သမိဒ္ဓေါဒယသကျဝံသီ သီလရှင်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ပညာသိပ္ပံကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ဉတိုကျေးရွာရှိ ပြည်လုံးချမ်းသာမြသိန်းတန်ဘုရားကြီးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက်ပုံးတောရကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ဘန်းတောင်ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့၊ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်း၊ မင်းပြားမြို့၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့ရှိ မင်္ဂလာဉယျာဉ်ပရိယတ္တိစာသင်တိုက်၊ ခန္တီးမြို့၊ ဇေယျသု ခကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဟေမာသီရိသီလရှင်စာသင် တိုက်၊ နွားကူးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီး ကျေးရွာရှိ တေဇသိဒ္ဓိကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးတွင် ဝါဆိုဝါကပ်တော်မူကြသည့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်အပါး ၅၀၀ တို့အား ဝါတွင်းကာလ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင် တော်၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်ပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းမျိုးစ့ု၊ နဝကမ္မအလှူငွေများအား ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ဖန်ခါမြေဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊မကွေးသင်းတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။