တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်
၁။ လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် ၁၂-၁၂-၂ဝ၂၂ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ် ထက်မကြီးရ။
(ဂ) အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
(ဃ) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။
(အထက်ပါအတိုင်း ကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)
(င) မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရေ။
၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal www.myawady.net.mm/private(female) တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများ နှင့်အတူ ၁၃-၉-၂၀၂၂ ရက်နေ့မှ ၁၂-၁၀-၂၀၂၂ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ) အခြေခံပညာအဋ္ဌမတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းထွက်လက်မှတ်(မူရင်း)နှင့် ဒီပလိုမာ/ဘွဲ့ရရှိပြီးသူများဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ မြို့နယ်ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။
(ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။
(င) အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)(မိတ္တူ)။
(စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။
၃။ ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည် သတ်မှတ်ရက်အတွင်း လျှောက်ထား ခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ်အောင်မြင်သူများအား သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။
၄။ အခြေခံတပ်သားသစ်သင်တန်းကို ၄ လ တက်ရောက်ရမည်။ သင်တန်းတက်ရောက်နေစဉ်ကာလ အတွင်း တပ်သားသစ်လစာ (၁၄၄ဝဝဝ)ကျပ် ကိုခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက တပ်သား အခြေခံ လစာ (၁၅ဝဝဝဝ)ကျပ်နှင့် စရိတ်များ ခံစားခွင့်ရရှိမည်။
၅။ အခြေခံတပ်သားသစ်သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း မိမိတာဝန်ထမ်းဆောင်လိုသည့် တပ်မတော်(ကြည်း၊ရေ၊လေ)လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး၊ သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြုရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့(သို့မဟုတ်) သင့်လျော်ရာလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။