တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဒုတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၆
၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို ဒုတိယ နေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ် ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ကျင်းပပြုလုပ်သည်။
တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက်ရှုံးထွက်ပွဲစဉ် လက်ဝှေ့ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြေး၊ခုန်၊ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ ၃၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲ၊ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ ၄၀၀ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံအလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီးကြိုးတပ် သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံ လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံ မီတာ ၈၀၀ အပြေးပြိုင်ပွဲ လူရွေးပွဲနှင့်ဗိုလ်လုပွဲစဉ်များကို လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(A) ၌အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် ရှုံးထွက်ပွဲစဉ်များကိုလည်းကောင်း၊ ဘောလီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီးအုပ်စုပတ်လည် ဘောလီဘော ပြိုင်ပွဲများကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ အတိုက်တစ်ဦးနှင့် အခံနှစ်ဦး ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲနှင့် လက်ထောက်နည်းပြ အဆင့် တုတ်ရှည်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ အတိုက်ပွဲစဉ်တွင် အမျိုးသား ကီလိုတန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ပန်ကြပ်ဆီးလပ်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ်တန်း ၂ယောက်တွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ်များနှင့် အလွတ်တန်း ၄ ယောက်တွဲအသင်းလိုက် အကြို ဗိုလ်လုပွဲစဉ် ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ကရာတေးဒိုပြိုင်ပွဲတွင် လူသစ်တန်း ကီလိုတန်းအလိုက် ကုမိတဲ့ ပြိုင်ပွဲများတို့ကို လည်းကောင်းအသီးသီးယှဉ်ပြိုင် ကစား ကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(ခ)ဘောလုံး အသင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု(ခ) အသင်းတို့သည် ယနေ့ ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစား ကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု(ခ)အသင်းက အနောက်တောင် တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု(ခ)အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။