တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများ အလိုရှိသည်

တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ

အင်ဂျင်နီယာသင်တန်းသားများ

အလိုရှိသည်

၁။လျှောက်ထားသူသည်-

  (က)၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ်ထက်မကြီးရ။

  (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို) ဖြစ်ရမည်။

  (ဂ) အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁ဝဝ ထက်မနည်းရ၊ ပေါင် ၁၄ဝ ထက် မကျော်ရ။

  (ဃ) မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

  (င) တက္ကသိုလ်ဝင်စာမေးပွဲအား သိပ္ပံဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်။

၂။  လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူပြီး ၂ဝ-၄-၂ဝ၂၁ ရက်နေ့မှစတင်၍ ၄-၆-၂ဝ၂၁ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ထားနိုင်သည်။

၃။      လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲ တင်ပြရမည်။

၄။ သတ်မှတ်ချက်နှင့် ပြည့်စုံသူများသည် အရည်အချင်းစစ် စာမေးပွဲကို တက္ကသိုလ်ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်း အတိုင်း တိုင်းစစ်ဌာနချုပ်များတွင် အောက်ပါ ဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-

  (က) အင်္ဂလိပ်စာ ။ နံနက် ၉ နာရီမှ ၁၁ နာရီထိ။

  (ခ)  သင်္ချာ        ။ နေ့လယ် ၁ နာရီမှ ၃ နာရီထိ။

၅။ အရည်အချင်းစစ် စာမေးပွဲကို မိမိလျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်များ၌ ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။

၆။      ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင် ဖော်ပြထားသည့် ခုံအမှတ် အတိုင်းဖြစ်သည်။

၇။ အရည်အချင်းစစ် စာမေးပွဲအောင်မြင်သူများကို ဟိုပုံးမြို့ (တောင်ကြီးခရိုင်)တွင် လူတွေ့စစ်ဆေးမည်။လူတွေ့ အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီပေးပို့သွားမည်။ အရည် အချင်းစစ် စာမေးပွဲအောင်စာရင်းနှင့် သတင်းပို့ရမည့် ရက်များကို မိမိလျှောက်လွှာ တင်သွင်းသည့် တိုင်းစစ်ဌာနချုပ်များတွင် ၂၇-၆-၂ဝ၂၁ မှ ၂၈-၆-၂ဝ၂၁ ရက်နေ့များ အတွင်း မေးမြန်းနိုင်သည်။

၈။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် ကျပ် ၁၆၈ဝဝဝ/- ၊ ဒုတိယနှစ် ကျပ် ၁၇၄ဝဝဝ/- ၊ တတိယနှစ်         ကျပ် ၁၈ဝဝဝဝ/- ရရှိမည်။  သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက် သတ်မှတ်လစာနှင့် စရိတ်များ ခံစားခွင့်ရှိသည်။

၉။ သင်တန်းပြီးဆုံးပါက အောက်ပါအတိုင်း ခံစားခွင့်ရှိသည်-

  (က) ဘွဲ့လက်မှတ်အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ် ပေးအပ်မည်။

  (ခ)  တာဝန်ပေးအပ်ခြင်း။ တပ်မတော်(ကြည်း၊ရေ၊လေ) လက်ရုံးဝန်ထမ်း တပ်ဖွဲ့ တစ်ခုခုတွင် ပညာသည်အကြပ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်မည်။

  (ဂ)  အဆင့်တိုးမြှင့်ပေးအပ်ခြင်း။တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အလိုက် ပညာသည် စစ်သည်များ           အဆင့်အတန်း တိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ  ဒုတိယ အရာခံဗိုလ်နှင့်  အရာခံဗိုလ်အဆင့်များသို့ ဆက်လက်   တိုးမြှင့်ပေးရေး အတွက် ဆောင်ရွက်ပေးမည်။

 (ဃ) ပြန်တမ်းဝင်အရာရှိလျှောက်ထားခွင့်။ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်ရေး အတွက် သတ်မှတ်ထားသည့်အချိန်နှင့် အကျုံးဝင်သည့်အချိန်တွင်  စစ်ရာထူးခန့်ချုပ်ရုံးမှ  လျှောက်လွှာ ခေါ်ယူသည့်အခါလျှောက်ထားနိုင်သည်။

မှတ်ချက်။     အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်း မေးမြန်းနိုင်ပါသည်။