တပ်မတော်ဆေးရုံများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ-၉
    
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဟုမ္မလင်းမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ တပ်မတော်သားများနှင့်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့်ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြား ကာ စားသောက်ဖွယ်ရာများပေးအပ်သည်။
    
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထို့ပြင် ပုသိမ်မြို့၊ နယ်မြေခံဆေးတပ်ရင်း၌ ဆေးရုံတက်လူနာများနှင့် ဝန်ထမ်းများ အသုံးပြုရန်အတွက် ရေသန့်စက်ဝယ်ယူရန် အလှူငွေကျပ် ၁၅ သိန်းကို အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် က ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။