တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ) သို့ Surgical Mask နှင့် အာဟာရများ ပေးအပ်လှူဒါန်း

ရန်ကုန် မေ ၅

ရန်ကုန်မြို့ရှိ    တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ) တွင် ဆေးဝါးကုသမှု ခံယူနေသူများအတွက်  ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA)နှင့် အလှူရှင်များက တပ်မတော်ဆေးရုံ(ခုတင်-၅ဝဝ)  သို့ Surgical Mask နှင့် အာဟာရကျွေးမွေးရန်  ငါးမြစ်ချင်းများ ပေးအပ်လှူဒါန်းခြင်းကို    ယနေ့နံနက်ပိုင်းတွင်  တပ်မတော်ဆေးရုံ  (ခုတင်-၅ဝဝ)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းက လှူဒါန်းရခြင်း အကြောင်းအား  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  အလှူရှင်များက Surgical Mask နှင့် အာဟာရကျွေးမွေးရန် ငါးမြစ်ချင်းများ ပေးအပ်လှူဒါန်းရာ  တပ်မတော်ဆေးရုံ(ခုတင်-၅ဝဝ)တပ်မှူး ဗိုလ်မှူးချုပ် စိန်လင်းက  လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် Myanmar Economic Cooperation and Development Promotion  Association Co.,Ltd. မှ  Mr. LI FUQUAN က Surgical Mask အခု ငါးသောင်း၊  ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်( YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းမိသားစုက ငါးမြစ်ချင်းပိဿာ ၁ဝဝ နှင့် ဗိုလ်မှူးကြီးအောင်ကျော်ဦး(ငြိမ်း) မိသားစုက ငါးမြစ်ချင်းပိဿာ ၁ဝဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့်     တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင်  တပ်မတော်သားများသာမက   ပြည်သူများကိုလည်း    အခမဲ့ဆေးဝါး ကုသမှုများကို ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း သိရသည်။