တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်

နေပြည်တော်၊ မေ - ၄

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ ၃၉၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၅ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၅ ဦး၊ ကလေးရောဂါ ၄၀ ဦး၊ အရိုးရောဂါ ၆၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ ၉၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၅ ဦး စုစုပေါင်း ၃၉၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၀ ဦး တို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။
ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦး၊ ECG ဖြင့်နှလုံး စမ်းသပ်လူနာ ၃၀ ဦးနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၀ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ် သည့် ဒေသခံပြည်သူ ၆ ဦးအား ဆေးရုံရေယာဉ်ပေါ်တွင် ဆေးရုံတင်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။