တပ်မတော်(လေ) တတိယအကြိမ် မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုပေးပွဲပြလုပ်

တပ်မတော်(လေ) တတိယအကြိမ် မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုပေးပွဲပြလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၅

၂၀၂၁ ခုနှစ်၊ တပ်မတော်(လေ) တတိယအကြိမ် မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုပေး ပွဲကို ယနေ့နံနက်ပိုင်းတွင် လေတပ်ဆွယ်(မှော်ဘီ)၌ ပြုလုပ်ရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်(ပြေး၊ခုန်၊ပစ်)အဖွဲ့ချုပ် မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက မီနီမာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ် ရာ ဆုရရှိသော အားကစားသမားများအား ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြသည်။
အဆိုပါမီနီမာရသွန်ပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းနှင့် လေတပ်ဆွယ်အသီးသီးတို့မှ အားကစားသမား ၁၃၁ ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်း သတင်းရရှိသည်။