တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်မြို့ အထွေထွေရောဂါကုဆေးရုံ၌ စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၆
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူ့ဆေးရုံများတွင် သွေးလိုအပ်မှုမရှိစေရေးအတွက် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များက ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထွေထွေရောဂါကုဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် တပ်မတော်သား ၂၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၅၆ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြပြီး ယင်းသို့သွေးလှူဒါန်းနေမှုများကို တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။