တမူးမြို့နယ်၊ သနန်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦး၏ နေအိမ်အား အကြမ်းဖက်သူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်

နေပြည်တော် မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ သနန်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမြင့်လွင်(ဘ)ဦးမောင်ရီ၏နေအိမ်အား မေ ၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်သူ အင်အား ၅ ဦးခန့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဦးမြင့်လွင်နှင့် ရွာသားများက တူမီးသေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများသည် နံနက် ၄ နာရီ ၄ဝ မိနစ်ခန့်တွင် ပြန်လည်ထွက်ပြေးသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ရွာသူ၊ ရွာသားများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘဲ အကြမ်းဖက်သူများ ပစ်ခတ်ခဲ့သည့်နေရာမှ KNO/KNA တံဆိပ်ပါ တောဆောင်းဦးထုပ် ၁ လုံး၊ အေကေ ၄၇ ကျည်ခွံ ၆၁ တောင့်၊ အမ် ၁၆ ကျည်ခွံ ၂၅ တောင့်၊ ၁၂ ဗို့ကျည်ခွံ ၂ တောင့်နှင့် ကာဘိုင်ကျည် ၁ တောင့်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အဆိုပါ နယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။