တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကောင်စစ်ဝန်ရုံးမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

Covid-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကောင်စစ်ဝန်ရုံးမှ အလှူငွေများကို ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မလိခရိပ်သာသို့ လာရောက်လှူဒါန်းသည်။

ဦးစွာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။