နေပြည်တော်၊ ဇူလိုင် - ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ၍ အဆိုပါ Center ရှိ သီးသန့်စောင့်ကြည့်ရမည့်သူများအတွက် စားသောက်ဖွယ်ရာ များပေးအပ်သည်။
ထို့ပြင် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ အားကစားခန်းမဆောင်အား Quarantine Center ဖွင့်လှစ်ထားရှိရန်အတွက် နယ်မြေခံတပ်မတော်သားများနှင့် လူမှုရေး အသင်းအဖွဲ့များက ကြိုတင်ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ပေးနေမှု များကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ Quarantine Center ၌ ပြည်ပမှပြန်လည်ဝင်ရောက်လာသူများနှင့် ရောဂါပိုးတွေ့ရှိလူနာများကို နယ်မြေခံတပ်မတော်ဆေးရုံမှ ဆေးအဖွဲ့က မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။