နေပြည်တော်၊ ဧပြီ - ၃
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိရောစနအား သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် သြဝါဒခံယူခြင်းကို အေပြီ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိရောစနထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်အမှူးပြုသော သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်တော် မူကြပြီး ဆရာတော်ဘုရားကြီးက ဘွဲ့တံဆိပ်တော်ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပတ်သက် သည့် သြဝါဒကထာချီးမြှင့် ဟောကြားတော်မူသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းတိုက်ဆရာတော်အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ‘‘အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်အား ဆက်ကပ်သည်။ ထို့နောက် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။